ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်​ခြင်း မရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများပြန်လည်နေထိုင်ခွင့်မရှိသေးဘဲ မြို့ပျက်သဖွယ် ဖြစ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်၊၊

” အခုရက်ရက်ပိုင်းတော့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားတာတွေတော့မရှိဘူး၊ စစ်ကောင်စီဘက်ကလည်း တပ်ထဲကနေ အပြင်ထွက်တာ စစ်ကြောင်းထိုးတာ မရှိသေးဘူး၊ ဖယ်ခုံမြို့ကတော့ ထိန်းထားရုံပဲ ရှိသေးတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က အရိပ်ရောင်တစ်ခုခုတွေ့ရင် ဒရုန်းနဲ့ ဗုံးကြဲ၊လက်နက် ကြီးနဲ့ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေကိုပြန်လည် နေထိုင်ခွင့်မပြုသေးဘူး” ဟုတော်လှန် ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီဖက်က လက်နက်ကြီး ပစ်ခတ်တာ တွေ ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ မြို့ထဲဝင်ပြီး မီးရှို့ တာတွေကြောင့် နေအိမ်အများအပြားပျက်စီး နေကြောင်း ၎င်းက ဆက်ပြောသည်။

ဖယ်ခုံမြို့တွင် စစ်ကာင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့်တိုက်ခိုက်မည်ကိုစိုးရိမ် သောကြောင့် ပြည်သူများ နေအိမ်သို့ပြန်မနေရဲကြသော်လည်း နေအိမ်ပြန်ကြည့်သူများ၊ ပစ္စည်းပြန်သယ်သူများကရှိနေကြောင်း သိရသည်၊၊

PPV003

Leave a Reply

Your email address will not be published. Required fields are marked *