ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်စုံရွာထဲသို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းရွာခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်တုတ်ကျေးရွာအုပ်စု ပင်စုံရွာတွင်ဧပြီလ ၁၀ ရက်နေ့ကစစ်ကောင်စီလက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်လာခြင်းကြောင့် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ရသည်။

“အပြစ်မရှိတဲ့ငါတို့ရွာလေးပျက်တော့မှာလား ။ကလေးတစ်ယောက်လည်း သေရတယ်။ဘာမှမသိတဲ့အရွယ်လေးကိုကွာ စိတ်နာတယ်ကွာ လက်နက် ကြီးထိလို့ဆုံးရှာပြီ။”ဟု ရွာခံတစ်ဦးကပြောသည်။

ထိခိုက်သေဆုံးရသည့် ကလေးသည် ခွန်ငြိမ်းချမ်းဖြစ်ပြီး အသက် ၄ နှစ်ကျော်သာရှိသေးကြောင်းသိရသည်။

“ဒဏ်ရာရသူလေးယောက်က တစ်ယောက်ကတောင်ကြီးထိသွားရတယ်။နောက်တစ်ယောက်က နောင်တရားဆေးရုံမှာဆေးကုသရတယ်။နောက်နှစ်ယောက်က သိပ်မထိဘူး”ဟု၄င်းကဆက်ပြောသည်။

ယခုတွင်ရွာသားများလည်း တန်ဖိုးကြီးအဖိုးတန်ပစ္စည်းများကို မသယ်ထုတ်နိုင်ကြဘဲ ထွက်ပြေးကြရသည်။

ပင်လောင်းတောင်ဖက် တစ်ချို့နေရာတွင်တိုက်ပွဲ ဖြစ်ပွားမှုရှိသလို တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာလည်းစစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းတို့ကြောင့် အရပ်သားလှုဦးရေ ၂သောင်းနှင့်အထက် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *