ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာအတွင်း ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦးသည် ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

ဖြစ်စဥ်မှာ ဆိုင်ကယ်နှစ်စီးရှေ့ဆင့်နောက်ဆင့်တွဲမောင်းရာမှ ရှေ့ဆိုင်ကယ်က ကွေ့ရာတွင် မီးချက်မပြဘဲ ဘရိတ်အုပ်လိုက်သည့်အတွက် နောက်တစ်စီးက ဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့တစ်ဦးက ဆောင်းပြောင်းအနောက်ရွာကလူပေါ့ သူကအနောက်ကနေမောင်းလာတာ အရှေ့ခါကျ မိန်းခလေးငယ်လေးတစ်ယောက်ပေါ့ သူကကွေ့မလိုလိုနဲ့ မီးချက်လည်းမပြတော့ မှောက်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရထားသည့် တစ်ယောက်ကို ပင်လောင်းမြို့နယ်အခြေစိုက် ကြယ်တံခွန်လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည်။

လက်ရှိမှာ ထိခိုက်သည့်သူသည် အပြင်ပိုင်းဒဏ်ရာမပြင်းထန်သော်လည်း ဦးခေါင်းပိုင်းတွင်ဒဏ်ရာရထားသောကြောင့် တောင်ကြီးမြို့ စဝ်စံထွန်းစျေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *