ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

စစ်ကောင်စီ၏နောက်ဆုံးကျန် ခလရ-၂၇၅တပ်စခန်းအား K.N.L.A နှင့်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း ဧပြီလ(၁၁)ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ထုတ်ပြန်ချက်အရသိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ ခလရ-၂၇၅တပ်စခန်းအား ဧပြီလ(၁၁)ရက်နေ့ နံနက်(၄း၂၀)နာရီအချိန်တွင် K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့တို့ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှဦးဆောင်ကာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၎င်းတပ်စခန်းအား ဧပြီလ(၈) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စီ ခလရ-၂၇၅ တပ်စခန်းမှ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြွင်းကျန်များအား ရှင်းလင်းမှုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ အသိပေးထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *