ခမ်းသားငေါဝ်း
ဧပြီ ၉ ၊ ၂၀၂၄

KNDF ဗျူဟာခုံတစ်ခုဖွဲ့စည်းနိုင်ရန် လူငယ်များအား စစ်သင်တန်းပို့ချပေးနေပြီဟု KNDF ပြန်ကြား ရေး တာဝန်ခံတစ်ဦး ပြောဆိုလိုက်သည်။

စစ်ကောင်စီတပ်ကိုတော်လှန်တိုက်ခိုက်နိုင်ရန်အတွက် KNDF အနေနှင့်ဗျူဟာခုံတစ်ခုဖွဲ့စည်းနိုင်ရန် ဖြစ်ကြောင်း KNDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧပြီလ (၉)ရက်နေ့တွင် ပြောသည်။

“ဗျူဟာတစ်ခုဖွဲ့ဖို့အစီအစဥ်ရှိပါတယ်ဗျ၊ အဲ့တာက ဗျူဟာခုံဖွဲ့မှာဖြစ်ပါတယ်။ KNDF ကခုလောလော စဆယ် ဗျူဟာခုံဖွဲ့စည်းနိုင်ဖို့အတွက် လူငယ်တွေကိုစစ်သင်တန်းပေးနေတာတွေတော့ရှိပါတယ်” ဟု KNDF ပြန်ကြား‌ရေးတာဝန်ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်သင်တန်းတွင် ပြည်မနှင့် အခြားတိုင်းနှင့် ပြည်နယ်ကလူငယ်များလည်း ပါဝင်တက်ရောက်နေကြောင်း သိရသည်။

“သူတို့တွေစစ်သင်တန်းတက်ပြီးတော့မှ KNDF ဗျူဟာခုံအနေနဲ့ပြန်ပြီးတော့ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ဖို့ ဖြစ်ပါတယ်၊ စစ်ကောင်စီလက်အောက်မှာမနေလိုဘူး စစ်မှုမထမ်းလိုတဲ့ လူငယ်တွေလည်းပူးပေါင်းပါဝင်တယ်ပေါ့နော်” ဟု၎င်းကဆက်ပြောသည်။

လူငယ်အင်အားထုအနေဖြင့်သာ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို အဆုံးထိအမြစ်ဖြတ်ပြီးမှ စနစ်သစ်တစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း လူငယ်များအား စကားပါးလိုကြောင်း ပြောဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *