ခမ်းသားငေါဝ်း
ဧပြီ ၉ ၊ ၂၀၂၄

၂၉ ကြိမ်မြောက် ထိုင်းနိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက် ခဲ့သည်။

ထိုင်းနိုင်ငံတွင် ယဉ်ကျေးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် MOU သဘောတူ လက်မှတ်ရေးထိုးရာတွင် မြန်မာကိုယ်စားအဖြစ် ပအိုဝ်းတိုင်းရင်းသားလည်း ပါဝင်ကြောင်း သိရသည်၊၊

ထိုင်းနိုင်ငံတကာ ရိုးရာယဥ်ကျေးမှုပွဲတော်ကို ထိုင်းနိုင်ငံအရှေ့မြှောက်ပိုင်းဒေသ နခွန်ရာဇသီမာပြည်နယ်၊ဆူရိန်ပြည်နယ်၊ဆီဇာကေစ်ပြည်နယ်၊ကျန်ထဘူရီပြည်နယ် နှင့် ဘန်ကောက်မြို့တွင်ဧပြီလ 5 ရက်နေ့မှ 10 ရက်နေ့အထိ ကျင်းပခဲ့သည်။

“လက်မှတ်ရေးထိုးနိုင်ဖို့ တော်တော်ကြိုးစားခဲ့ရတယ်။ ခုကမြန်မာနိုင်ငံကိုယ်စားပြုပြီး ပါဝင်ရတာဖြစ်တယ်” ဟု ပအိုဝ်းအနုပညာနှင့် ယဉ်ကျေးမှုကိုယ်စားလှယ်တစ်ဦးအဖြစ်ပါဝင်သူ ခွန်သောမတ်က ပြောသည်။

ယင်းယဉ်ကျေးမှုပွဲတော် တွင် မြန်မာနိုင်ငံအပြင်၊ ဟန်ဂေရီ၊ဘူဂေးရီးယား၊ဂျပန်၊အိန္ဒိယ၊ဖီလစ်ပိုင်၊လာအို၊ကမ္ဘောဒီးယား ၊သိရိလက်ကာတို့လည်းပါဝင်ပြီး နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ကြောင်း သိရသည်။

“ဒီပွဲမှာ ယဉ်ကျေးမှု နှီးနှောဖလှယ်ခွင့်လမ်းကြောင်းအသစ်တွေရတယ်။ဒီပွဲမှာတွေ့ဆုံရတဲ့တစ်ခြားနိုင်ငံက မိတ်ဆွေတွေနဲ့ ပူးပေါင်းဖက်စပ်ပြီး ပညာရေးနဲ့ပက်သက်တာတွေ ၊ဒေသတွင်းနဲ့ပက်သက်ပြီးခရီးသွားလုပ်ငန်းတွေ ၊နောက် တစ်ခြားနိုင်ငံက စိုက်ပျိုးရေးပုံသဏ္ဌန်သစ်တွေကို ပူးပေါင်းဖလှယ်ခွင့်ရတယ်။တစ်ချို့လည်း တွက်ဆလို့မရတဲ့ ယဉ်ကျေးမှုအကြောင်းလည်း များစွာရှိပါတယ်”ဟု ခွန်သောမတ်ကဆက်ပြောသည်။

ယင်းပွဲတွင် ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်း မှ ခွန်သေားမတ်၊နင်ႏလာပယွုမ်း၊နင်ႏရွဉ်ကောဝ်ႏ၊နင်ႏထက်ထက်စံ တို့က ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းယဉ်ကျေးမှုပွဲကို ၂၉ ကြိမ်မြှောက်ကျင်းပခဲ့ပဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားများ ပါဝင်လာသည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်း သိရပါသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *