ခမ်းသားငေါဝ်း
ဧပြီ ၉ ၊ ၂၀၂၄

အောင်ပန်း- တောင်ကြီးသွားလမ်း သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီးလမ်းလျှောက်နေစဥ် ကားတိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဧပြီလ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် သရက်ပုရွာအနီးတွင်(ရွှေညောင်)နေ ယာဥ်မောင်း ကိုဇေ~~(ခ)ဖိုးလပြည့်သည် ကားပြင်ပြီး မီးဖိုရန်ထင်းသွားချိုးလမ်း​လျှောက် ပြန်လာစဥ် ကားတစ်စီးက အနောက်မှဝင်တိုက်ပြီးမောင်းပြေးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

”လူနာကိုအောင်ပန်းဆေးရုံအရေးပေါ်ငှာနကို ပို့ပေးတယ်။ ဒဏ်ရာကအရမ်း ပြင်းထန်နေတော့ တောင်ကြီးစဝ်းစံထွန်းဆေးရုံကို လွဲပြောင်းတဲ့အချိန် ဟဲဟိုးမြို့ ရောက်တဲ့အချိန်မှာပဲ လူနာက ကွယ်လွန်သွားတယ်”ဟု အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုကားတိုက်ခံရသည့်ယာဥ်မောင်းသည် ကားပျက်သွားပြီး ပြင်နေကြသည်မှာ ၃ ရက်လောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြီး -ကလော လမ်းပိုင်းတွင်း ယာဥ်မတော်တဆ ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *