ခမ်းသားငေါဝ်း
ဧပြီ ၉ ၊ ၂၀၂၄

ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားသည့် (၇၇)ရက်အတွင်းအရပ်သားသေဆုံးသူ ၅၈ ဦးရှိပြီဖြစ် ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ယင်းသေဆုံးမှုတွင်အမျိုးသမီး ၃ ဦး ကလေး ၆ ဦး အမျိုးသား ၄၃ ဦး ကျားမအတည်မပြုနိုင်သူ ၆ ဦးပါဝင်ပြီး သေဆုံးမှုများသည် စစ်ကောင်လက်နက်ကြီနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်သည်၊၊

ထိခိုက်ဒဏ်ရာရသူ အရပ်သား ၇၁ ဦးရှိပြီး ယင်းအထဲတွင် ကလေး ၁၀ ဦးနှင့် အမျိုးသမီး ၁၈ ဦးပါဝင်ကာ ထိခိုက်ဒဏ်ရာရသည့်အမျိုးသမီးထဲတွင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလည်း ပါဝင်သည်။

ထို့အပြင်တိုက်ပွဲအတွင်းလေကြောင်း ၊လက်နက်ကြီး နှင့် နေအိမ်မီးရှို့ခံရခြင်းကြောင့် အရပ်သားနေအိမ် ၅၃၅ လုံး၊ ဘာသာရေးအဆောက်အဦး၂၅ ခု၊ စာသင်ကျောင်း ၁၂ ခု၊လမ်းတံတား၂ ခု၊စျေး ၁ ခုနှင့်ဆေးရုံ၊ဆေးခန်း ၄ ခုတို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

ယခုတွင် ကျေးရွာတစ်ချို့တိုက်ပွဲငြိမ်နေပြီဖြစ်သောကြောင့်စစ်ရှောင်များ အိမ်ပြန်သွားခြင်းရှိသော်လည်း စစ်ဘရှောင်စုစုပေါင်း ၆၉၀၀၀ ဦးနှင့်အထက် ရှိနေသေးကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *