ခမ်းသားငေါဝ်း
ဧပြီ ၉ ၊ ၂၀၂၄

ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်လာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နိုင်ငံရေးအကျဥ်းသား သေဆုံးမှုနှုန်း မြင့်တက်လာကာ နိုင်ငံရေးအကျဥ်းသူ ၂ ဦး၊ နိုင်ငံရေးအကျဥ်းသား ၈ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီး အများစုမှာ ဆေးကုသခွင့်မရရှိသောကြောင့် သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်ချက်တွင်ဆိုထားသည်။

မတရားအာဏာသိမ်းမှုနှင့် ပါတ်သက်၍ ဖမ်းဆီးခံရသူစုစုပေါင်း (၂၆၄၉၀) ဦးရှိကာ (၂၀၃၁၇) ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်ပြီး (၈၉၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း စစ်ကောင်စီမြေမြှပ်မိုင်းကြောင့် သေဆုံးသူ (၇) ဦးထိရှိကြောင်း AAPP ၏အချက်အလက်များတွင် ဖော်ပြထားသည်။

ထို့အပြင် ဧပြီလ ၃ ရက်နေ့တွင်၊ မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို စစ်ကောင်စီကမီးရှို့ခဲ့သောကြောင့် နေအိမ် ၂၅၀ ကျော်မီးလောင်ပျက်စီးခဲ့သည့်အပြင်၊ မတ်လ ၁၇ ရက်နေ့မှစ၍ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ သာယာဝတီကျေးရွာကို အကြိမ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ထဲ့ကြောင်း AAPP ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *