ခမ်းသားငေါဝ်း
ဧပြီ ၉၊၂၀၂၄

စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးသည် တွေပူရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူသုံးဦးထိမှန်ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွေပူကျေးရွားအတွင်း ဧပြီ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပစ္စည်းပြန်ယူသည့် ကျောင်းသူ ၃ ဦးထိမှန်ပြီးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်၊၊

“သူတို့ကတောထဲစစ်ရှောင်တာ မနေ့ကရေလိုလို့ဆိုပြီး အတူပြန်ယူကြတာ လက်နက်ကြီးက ရွာထဲကျတော့သူတို့နဲ့တိုးတာပါ အဲ့မှာ တစ်ယောက်က ပွဲချင်းပြီး နှစ်ယောက်က ဒဏ်ရာရတယ်လို့သိရတယ်”ဟုစစ်ဘေးရှောင်နေသည့် ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီက တွေပူကျေးရွာအတွင်း၌တော်လှန် ရေးသမားရှိသူဟုယူဆပြီး ဧပြီ ၇ ရက်ညကပင်လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်းကြောင့် နွား ၄ ကောင်လည်း ထိမှန်သေသွားရကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် PNLA တို့ စစ်ရေးတင်းမာ မှုရှိနေဆဲဖြစ်ပြီး ပြည်သူများနေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

ဆီဆိုင်မြို့နှင့် ကျေးရွာများကိုစစ်ကောင်စီကပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများနေ့စဥ်ပြုလုပ်နေပြီး ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်များထိခိုက်ပျက်စီးမှုများရှိနေသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *