ခမ်းသားငေါဝ်း
ဧပြီ ၈၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး အေးသာယာဆင်းတက်လမ်း အောက်နေမှတက်လာသည့်တွဲကားတစ်စီး လမ်းချော်လိမ့်ကျပြီး အဆင်းလမ်းမှ ကား၂စီးကို ပိမိ၍ ၄ဦးသေဆုံး ၂ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် တောင်ကြီးအတက်လမ်း စစ်ဆေးရေးဂိတ်အကျော်တစ်နေရာ၌ တွဲကားတစ်စီးလိမ့်ကျပြီး အဆင်းလမ်းမှဆင်းနေသည့်အိမ်စီးကား probox နှင့် Honda fit ကားကို ပိမိ၍ အမျိုးသမီး ၃ ဦးနှင့်အမျိုးသား ၁ ဦးသေဆုံးခဲ့ရသည်။

“ဖြစ်စဥ်က တော်တော်လေးဆိုးတယ်ပြောရမှာပေါ့နော် အိမ်စီးကားပေါ်ပါတဲ့ လူတွေသေရတဲ့ထိဖြစ်တာကိုစိတ်လည်းမကောင်းပါဘူး လမ်းကလည်း လုံးဝအဆင်းအတက်ပဲလေအဲ့နေရာတစ်ကြောက တွဲကားတွေဆိုလုံးဝဆင်ခြင်မောင်းရမှာ လမ်းတွေလုမမောင်းကြပါနဲ့”ဟုဖြစ်စဥ်သိသူ အေးသာယာဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ဖြစ်ပွားချင်းမှာပင်လမ်းသွားလာမရတော့ဘဲ ယနေ့မနက်မှသာပြန်လည်သွားလာနိုင်ကြောင်းသူကဆက်ပြောသည်။

သေဆုံးရသည့်သူနှင့်ဒဏ်ရာရထားသူများသည် ညောင်ရွှေမြို့ ဘိုကုန်းရပ်ကွက်ကဖြစ်ပြီး ယခုတွင်တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ပို့ဆောင်ပြီး ဒဏ်ရာရသူဆေးကုသမှုခံယူနေရကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *