ခမ်းသားငေါဝ်း
ဧပြီ ၇၊၂၀၂၄

ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ရပ်ကွက်(၁၁)ရပ် ကွက်တွင် PNOပြည်သူ့စစ်အတွက် ရပ်ကွက်အလိုက် (၁)ရပ်ကွက်ဖိုးဝှီးကားတစ်စီးဝယ်ခိုင်းနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာအတွင်းတွင် PNOပြည်သူ့စစ်အသုံးပြုရန် ရပ်ကွက်(၁၁)ကို တစ်ရပ်ကွက် ၁ စီးနှုန်းဝယ်ပေးရမည်ဖြစ်ပြီး ယခုဧပြီအတွင်းဝယ်ပေးရန်ပြောဆိုထားကြောင်းသိရသည်။

“အခုကဆိုက်ခေါင်ကျေးရွာကို တစ်ရပ်ကွက် ၁ စီး ဖိုးဝှီးကားတစ်စီးတဲ့ ပြည်သူ့စစ်အတွက်ဝယ်ပေးရမယ်တဲ့ အဲ့ဒါ ခုဧပြီလအတွင်းမှာအပြီးဝယ်ပေးရမယ်တဲ့ (၁၁)ရပ်ကွက်ဆိုတော့ (၁၁)စီးပေါ့”ဟုအမည်မဖော်လိုသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

နောက်ဒေသခံတစ်ဦးကလည်း”ဆိုက်ခေါင်ကငွေကြေးအဆင်ပြေတဲ့သူတွေများတယ် သူတို့က သူများဘယ်လောက်ပဲကောက်ကောက်ထည့်နိုင်ကြပါတယ်”ဟုပြောသည်။

ဆီဆိုင်တိုက်ပွဲစတင်ဖြစ်ပွားချိန်၌ စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်က ဆိုက်ခေါင်ဘောလုံးကွင်းတွင် အမြောက်တပ်အထိုင်ချပြီး ပြည်သူထမင်းဟင်းချက်ကြွေးခိုင်းခြင်း အခြုံအခင်းများတောင်းခြင်းတို့အပြင် ပြည်သူ့စစ်ဝင်ရန်လူခေါ်ပေါတာဆွဲခြင်း ကားများချောဆွဲခြင်းပြုလုပ်ခဲ့သည်။

ယင်းသို့လုပ်ဆောင်ခြင်းအပေါ်မလိုလားသည့်ဒေသခံအချို့က နီးစပ်ရာထွက်ပြေးတိမ်းရှောင်ကြသလို လူငယ်အချို့လည်း ပြည်ပသို့ထွက်ပြေးသွားခြင်းလည်းရှိကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *