ခမ်းသားငေါဝ်း
ဧပြီ ၇၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၄) ပါမိုးနဲ့(လွယ်ခမ်း)ရွာအတွင်း သူတစ်ပါးပစ္စည်းခိုး နေအိမ်ဖောက်ထွင်းသည့် သူခိုးအမျိုးသမီးတစ်ဦးကို ရွာခံများဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

ယင်းနေအိမ်ဖောက်ထွင်းပစ္စည်းခိုးရန်လုပ်ဆောင်သည့် အမျိုးသမီးကို ယမန်နေ့ ဧပြီလ ၆ ရက် နေ့လည်အချိန်က အိမ်ဖောက်ထွင်းရန်လုပ်နေစဥ်ရွာခံအချို့မြင်၍ ဖမ်းဆီးပြီးအုပ်ချုပ်ရေးမှူးထံအပ်ခဲ့ကြောင်းသိရသည်။

“မနေ့က လွယ်ခမ်းမှာ ဖောက်တာတော့ သူဘာမှမရလိုက်ဘူး သူများအိမ်ကို ကွတွေနဲ့သော့ဖြတ်တာဖောက်တာမြင်တော့ ဖမ်းလိုက်တာ မိန်းကလေးဖြစ်တဲ့ခါကျတော့ သူများကယောက်ျားလေးဆိုတော့ သူ့ကိုမရိုက်နှက်ပါဘူး ထိလည်းမထိဘူး အုပ်ချုပ်ရေးမှူးကိုပဲအပ်လိုက်တယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

၎င်းဖမ်းမိသည့်အမျိုးသမီးသည် ညောင်ရွှေမြို့ သပြေပင်ရွာနေ အသက်၂၄ နှစ်အရွယ် မသဉ္ဇာအောင်ဖြစ်ပြီး ဘုရားဖြူရပ်ကွက် ထီသိမ်ဘက်တို့လည်း ယခင်ကသူများနေအိမ်ဖောက်ထွင်းပစ္စည်းခိုးယူခဲ့ဖူးကြောင်းဒေသခံပြောပြချက်အရသိရသည်။

ဘုရားဖြူရပ်ကွက်အတွင်း ပြည်သူနေအိမ်ဖောက်ထွင်း ပစ္စည်းခိုးယူခြင်း မကြာခဏဖြစ်ပွားနေသလို ထိုသူခိုးတို့သည် အပြင်ကလူများဖြစ်ကြပြီးလာရောက်ခိုးယူခဲ့ကြောင်းသိရသည်။

ထို့အပြင်ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ဘုရားဖြူရပ်ကွက်နယ်မြေ(၄)အတွင်း သူတစ်ပါးခြံဝိုင်းခတ်သည့်သံဇကာများလည်း တစ်ခြံလုံးအခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းဒေသခံပြောပြချက်အရသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *