ခမ်သားငေါဝ်း
ဧပြီ ၅၊ ၂၀၂၄

ရပ်စောက်မြို့နယ်ရှိ ကျေးရွာများတွင် RCSS/SSA က မူးယစ်ဆေး​ဖြတ်ပေးမည်ဟုအကြောင်းပြပြီး လူငယ်များရာချီဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ပင်ဖစ်၊ လွယ်တင်း၊ ဒုံတသာ၊ ကောင်တန်၊ (ထီတဖြေ) ရေတပြေ ၊ (ချို့ထီ)ဆတ်သေ၊ (ဟမ်းဖြေင်း)မြေမဲ၊ စသည့်ကျေးရွာများရှိလူငယ်များအား RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီက ညအပြင်ထွက်သည့်အခါ ဖမ်းဆီးခြင်းများရှိသလို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးခံရသူ တစ်ရာကျော်ရှိသည်။

“ငွေနဲ့ပြန်ရွေးလည်းမရဘူး မူးယစ်ဆေးစွဲတယ်ပဲစွပ်စွဲနေ ပြီးတော့ စစ်သင်တန်းတက်ရတယ် အိမ်ပြန်လည်လို့လည်းမရဘူး မိဘကသွားတွေ့ရင် တောင် တွေ့ခွင့်မရဘူး ငါးနှစ်စစ်မှုထမ်းရမယ်တဲ့” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကျန်ရှိနေသည့် အသက်သုံးဆယ်ငါးနှစ်အောက် ဆယ့်ရှစ်နှစ်အထက်လူငယ်များအား PNO ပြည်သူ့ စစ်မှ စစ်မှုထမ်းရန် မဲနိုက်ချင်းများပြုလုပ်ပြီး မဲ​ပေါက်သူအားစစ်သင်တန်းပေးနေခြင်းများလည်း ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအပြင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊PNO ပြည်သူ့စစ် စသည့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ၏ ဆက်ကြေး ကောက်ခံခြင်း၊ စစ်သားစုဆောင်းခြင်းများ ခံနေရကြောင်း သိရသည်။

PPV001

Leave a Reply

Your email address will not be published. Required fields are marked *