ခမ်းသားငေါဝ်း
ဧပြီ ၅၊ ၂၀၂၄

ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီမတို့သည် ဒေသခံများ၏ ကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအထိ ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့က မတ်လအတွင်း ဒေသခံများ၏ ကားကို ချောဆွဲပြီး လိုရာခရီးကို ပို့ဆောင်းခိုင်းရာ တိုက်ပွဲဖြစ်ပွါးနေရာထိသွားခဲ့ရသည်။

“သူတို့က တိုက်ပွဲဖြစ်ပွားတဲ့ နေရာ ၊ စစ်မြေပြင် ဖြစ်တဲ့နေရာ ထိခေါ်သွားတယ်။ တစ်ချို့ကားဆို ဒရုန်းနဲ့ ဗုံးကြဲခံရတာတွေရှိတယ်။ ကားကို ကျည်ဆံထိတာတွေရှိတယ်။ ကားမိုင်းနင်းမိတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံကားများအပြင် ရင်းမှီးဂိတ်၊ ပင်လောင်းဂိတ်တို့တွင် ခရီးသွားလာ သူများ၏ ကားကို လည်း ချောဆွဲဖမ်းဆီးနေကြောင်း သိရသည်။

“တစ်ချို့ဆို သူတို့ကို လိုက်ပို့ပြီး ကားပျက်စီးတာ၊ဒဏ်ရာရသွားလူတွေအများကြီးရှိတယ်။ ဒီလိုကိစ္စတွေလည်း လိုင်းပေါ်မတင်ဖို့နဲ့ မီဒီယာကိုမပြောဖို့ PNO တွေက ဒေသခံတွေကို ပြောထားတယ်”ဟု ၄င်းကဆက်ပြောသည်။

ပင်လောင်းတွင် မတ်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့် ဒေသခံ ၂ သောင်းနီးပါးလည်း ဘေးကင်းရာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *