ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၄

နမ်းဗွဉ်(နမ်းပွန်) ရွာသားတစ်ဦး PNO ပြည်သူ့စစ် ကောက်ခံသည့် ငွေငါးသိန်းရှစ်သောင်းမထည့်နိုင်၍ စစ်မှုထမ်းရပြီး ရှေ့တန်းတွင် ကျဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နမ်းဗွဉ်(နမ့်ပွန်) ရွာနေ ခွန်တီးပေသည် PNO ပြည်သူ့စစ် ကောက်ခံသည့်ငွေ ၅ သိန်းရှစ်သောင်းကို မထည့်နိုင်သောကြောင့် စစ်မှုထမ်းရပြီး ဧပြီ ၃ ရက်နေ့ ထိရီးတိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။

“သူက အတင်းခေါ်ခံရတာ။ ပိုက်ဆံလည်းမထည့်နိုင်လို့လေ ။သူတို့က ခက်ခဲတဲ့အထဲပါတယ်။ သူကျဆုံးပြီး သူ့အလောင်းအိမ်ကို သယ်ပြန်တော့ သူမိန်းမ ၊သူ့ကလေးတွေ ငိုနေတာကို အရမ်းသနားတာဘဲ။စိတ်မကောင်းလည်း ဖြစ်ရတယ်”ဟု ဒေသခံ တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

သေဆုံးသွားသော ခွန်တီးပေသည် အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ယခုတွင် ဇနီးနင်ႏဝွန်းနှင့် ၁၀ နှစ်အောက်အရွယ် ကလေးနှစ်ဦး ကျန််ရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမှာ တဘက်ကအင်အားအလုံးအရင်းနဲ့တက်လာတော့ PNO နဲ့ဗမာစစ်သားက နောက်ဆုတ်သွားပြီး သူတို့ကိုချန်ထားတယ် စစ်ရေးအတွေ့အကြုံလည်းမရှိတော့ ကျဆုံးသွားရတာ”ဟု ၄င်းကဆက်ပြောသည်၊၊

နမ်းဗွဉ်(နမ်းပွန်)ရွာအနီးရှိ ကျေးရွာများတွင်လည်း PNO ပြည်သူ့စစ်က စစ်သင်တန်းပေးရန် ခေါ် သွားသည့် လူငယ် များစွာလည်း အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများကပြောသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *