ခမ်းသားငေါဝ်း
ဧပြီ ၅ ၊ ၂၀၂၄

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်က ငွေကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ(၂) တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမူးအဖွဲ့က မဲမနိုက်ချင်သူများ၊ လူစားထိုးရန်အတွက် ငွေကြေးများတောင်းခံ နေသည်။

” သူတို့က စစ်မှုထမ်းဖို့အတွက် မဲမနှိုက်ချင်ရင် တစ်အိမ်ကို ငါးသောင်း၊ တစ်ချို့အိမ်တွေဆို တစ်သိန်း ဓမ္မာရုံမှာ လာပေးရမယ်လို့ပြောတယ်။ စစ်မှုထမ်းဖို့အတွက် လူစားထိုးတာရှိတယ်။ “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

လူစားထိုးပေးရန် တစ်ယောက်ကိုသိန်းငါးဆယ်ပေးရသည့်အတွက်ကြောင့် ထို့သို့တောင်း ခံရဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်က ပြည်သူကို ပြောကြောင်းသိရသည်။

“အဲ့ဒါက တစ်နှစ်စာအတွက်လို့ပြောပေမယ့် နောက်ကျရင်ထပ်လာ တောင်းအုံးမယ်ထင်တယ် “ဟု ၎င်း ကဆက်ပြောသည်။

ဘုရားဖြူရပ်ကွက်အတွင်းရှိ လူငယ်တို့ ၏ အရေးကိစ္စများကို အဆင်ပြေချောမွေ့ပြီး စိတ်ချမ်းသာမှုကို ရရှိစေရန် ရွယ်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြောင်း အုပ်ချုပ်ရေးမူးအဖွဲ့တို့က စာထုတ်ထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *