ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၄

ဆောင်းပြောင်းကျေးရွာအုပ်စု တွင် PNO ​ပြည်သူ့စစ်ကရွာသားကိုအစည်း အဝေးခေါ်ပြီး ငွေကြေးတောင်းခံခြင်း စစ်သင်တန်းများ တက်ခိုင်းခြင်းပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ တောင်ဘက်ဆောင်းပြောင်းကျေးရွာအုပ်စုရှိ ထီဗိ၊ လိန်းညာ၊ ကောင်ဗာ ၊ တခါးယဥ်ရွာသားများအား ဧပြီ ၄ ရက်နေ့တွင် တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ပြီး တစ်အိမ်ကို ခြောက်သောင်းကျပ်တောင်းခံကာ စစ်သင်တန်းများလည်း ပြန်တက်ခိုင်းနေသည်၊၊

” စစ်ဘေးလည်းရှောင်ရ၊ စီးပွားရေးလည်းမလုပ်ရ PNO ကအခုလိုပိုက်ဆံထပ်တောင်းနေတော့ လူထုတွေတော်တော်ဒုက္ခရောက်နေပြီး စိတ်ညစ်နေကြတယ်။ ရွာကလူတွေက တစ်ရက်လုပ်တစ်ရက်စားတွေလေ ပြီးတော့ ဒီနှစ်က ပြောင်းကလည်းမကောင်း စျေးကလည်းမရတော့ ပိုပြီးဒုက္ခရောက်နေတယ်” လို့ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကားနှင့် ဒရုန်းများဝယ်ယူရန် ပိုက်ဆံတောင်းခံ​ခြင်း ဖြစ်ပြီး ၁၃ ရက်နေ့နောက်ဆုံးထား ပေးပို့ရမည်ဟု ၎င်း ကဆက်ပြောသည်။

စစ်သင်တန်းပြန်တက်ခိုင်းနေခြင်းအား ပြည်သူများ ပြန်မပြောရဲဘဲ သူတို့ပြောသမျှ ခေါင်းငြိမ့်ခံနေရကြောင်း သိရသည်။

ပင်လောင်းတွင် မတ်လ ၁၁ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိတိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ပွဲကြောင့် ဒေသခံ နှစ်သောင်းကျော် ဘေးကင်းရာအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *