ခမ်းသားငေါဝ်း
ဧပြီ ၅၊ ၂၀၂၄

အောင်ပန်းမြို့တွင် ကားပေါ်မှမှန်များအောက်ချနေ စဥ် မှန်ချော်ကျမှုကြောင့် မှန်ချနေသူလေးဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်။

ဧပြီလ ၄ ရက်နေ့၊ ညနေ ၃ နာရီခွဲ ဝန်းကျင်တွင် အောင်ပန်းမြို့၊အမှတ် (၃) ရပ်ကွက် စျေးသွားလမ်း၌ ကားပေါ်မှ မှန်များအောက်ချနေစဥ် မှန်​ချော် ကျမှုကြောင့် မှန်ချနေသူ (၄) ဦးမှာ မှန်ပိ၍ထိခိုက်ဒဏ်ရာရခဲ့သည်၊၊

”ကျွန်တော်တို့ရောက်တဲ့ အချိန်မှာ လေးဦးလုံးမှန်ပိနေပြီ၊ သူတို့ကိုကယ်ထုတ်ဖို့ မှန်ကိုဖယ်ရှားနေရတာ နာရီဝက်နီးပါးလောက်ကြာသွားတယ်။ နှစ်ယောက်ကတော့ ခြေသလုံးနား(ညိုသကြီး) ဖက်ကျိုးသွားတယ်၊ တစ်ယောက်က ပေါင်ကျိုးသွားတယ်၊ ကျန်တစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာရသွားတယ်”ဟု အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ကရိန်းနှင့် မှန်ကိုချနေသည့်အချိန် ဝိုင်းထိန်းပေးကြရင်း မှန်ကဝိတ်များနေသည့်အတွက် ပြိုကျပြီး လေးယောက်လုံးမှန်အောက်ကိုပိသွား ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုကိစ္စက တစ်ချက်လေး သတိလက်လွတ်သွားလို့ ဖြစ်သွားတာ၊ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာ သတိဝီရိယ ပိုထားခိုင်းချင်တယ်၊ပိုပြီးဂရုစိုက်ကြပါ”ဟု ၎င်းကဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရ လူများကို အောင်ပန်းဆေးရုံရှိ ဆရာဝန်၊ ဆရာမများက အရေးပေါ်ဆေးကုသမှုပေးခဲ့ပြီး အရိုးကျိုး လူနာ (၃) ဦးကို တောင်ကြီး စဝ်းစံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *