ခမ်းသားငေါဝ်း
မတ် ၅ ၊ ၂၀၂၄

ပင်လောင်းမြို့နယ် ဝါးပြုံး ရွာရောက် စစ်ဘေးရှောင်များ ရေရှားပါးမှု အခက်အခဲများ ကြုံနေရကြောင်း စစ်ဘေးရှောင်ထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဝါးပြုံးရွာရောက် စစ်ရှောင်များသည် ယခုမတ်လအတွင်း ရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ သည်။

“ရေက ၁၁ လပိုင်းကတည်းက ရှားတာ။ မိုးကုန်လို့ ဆောင်းဝင်တာနဲ့ ရေရှားပြီ ရေထွက်ပေါက်လည်း မရှိဘူးဆိုတော့ ရေအရမ်းရှားတယ်။ပိုက်ဆံလည်းမရှိတော့ သောက်ဖို့လောက်ဘဲ ဝယ်နိုင်တယ်။”ဟု စစ်ရှောင်တစ်ဦးကပြောသည်။

ယခုတွင် သောက်သုံးရန်အတွက် ရေ (တိုင်ဂီ) ၁ ပေ ပါကို ၃ ထောင်ကျပ်နှင့် အထက်ဝယ်သုံးနေရသည့်အတွက် အိမ်သာနှင့် တကိုယ်ရေသန့်ရှင်းရေးအတွက် အခက်ခဲရှိနေကြောင်း သိရသည်။

ယင်းဝါးပြုံးစစ်ရှောင်စခန်းတွင် စစ်ရှောင် ၁၀၀ နီးပါးရှိပြီး ရေအပြင် စားနပ်ရိက္ခာ ၊ဆေးဝါး၊များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

PPV005

You missed