ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄
အာလူးစျေး အဆမတန် ကျဆင်းခြင်းကြောင့်အာလူးစိုက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊တီကျစ်ဒေသထွက် အာလူးများ ယခင်ကထက်ဈေး ထက်ဝက်ခန့် ကျဆင်းနေခြင်းကြောင့် အရင်းပြန်မရဘဲ တောင်သူများအရှုံးဖြင့် ရင်ဆိုင်နေရသည်၊၊
“ရေဖိုး၊ ဆေးဖြန်းဖို့၊ မြေသြဇာဖိုး လူအားတွေအများကြီး ရင်းထားရတာ ခုဆို စျေးလုံးလုံးမရှိဘူး။အရင်းတောင် ပြန်မရဘူး”ဟု နောင်တရား အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။
ယခင်ကအာလူးတစ်ပိဿာ ၄၀၀၀၊ ၄၅၀၀ ကျပ်ရရှိသော်လည်းယခုတွင် တစ်ပိဿာ၂၀၀၀ ကျပ်ဝန်းကျင်သာရရှိကြောင်း သိရသည်။
ပင်လောင်း၊နောင်တရား၊အောင်ပန်းဒေသတွင် အာလူးကို တစ်နှစ်အတွင်း နှစ်ကြိမ်စိုက်ပျိုးကြသည်။
မိုးရာသီတွင်တစ်ကြိမ်နှင့် နွေရာသီတွင် ရေသွင်းပြီး စိုက်ပျိုးခြင်ူတစ်ကြိမ်၊ ရေသွင်းစိုက်ပျိုးသည့် နွေအာလူးသည် စက်သုံးဆီကုန်ကျသည့်အတွက် အရင်းအနှီးပို၍ကုန်ကျများကြောင်းသိရသည်။
ထိုဒေသတွင် ရမ်းဘား ၊ဘမားကစ်၊ တရုတ်သီး၊ အာလူးမျက်နီစသည့် အာလူးအမျိုးအစားများ စိုက်ပျိုးကြကြောင်း သိရသည်။
PPV005