ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄
အာဏာသိမ်းဖြစ်စဥ် စတင်ချိန်ကစပြီး စစ်ကောင်စီနှင့် လက်ပါးစေကြောင့် သေဆုံးသူစုစုပေါင်းမှာ (၄၈၃၀) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲသတ်ဖြတ်ခံရသူ (၁၇၀၀) ဦး ဝန်းကျင်ကိုလည်းသီးခြားပြုစုထားသည်ဟု ဖော်ပြထားသည်။
တော်လှန်ရေးနှင့်ပါတ်သက်၍ သေဒါဏ်ချမှတ်ထားခံရ၍ အကျဥ်းထောင်တွင်ထိန်းသိမ်းခံရသူ စုစုပေါင်း (၁၂၃)ဦး၊ မျက်ကွယ်သေဒါဏ်ချမှတ်ထားခံရသူ (၄၃) ဦး၊ မျက်ကွယ်ပြစ်ဒါဏ်ချမှတ်ထားခံရသူ စုစုပေါင်း (၁၁၉) ဦး၊ သေဒါတ်ချမှတ်ခံရသူ စုစုပေါင်း (၁၆၆) ဦးရှိသည်ဟု AAPP အချက်အလက်အရ သိရသည်။
ထို့အပြင်အာဏာသိမ်းမှုဖြစ်စဥ်နှင့်ပါတ်သက်၍ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၆၄၇၇)ဦးရှိကာ (၂၀၃၀၄) ဦးမှာထိန်းသိမ်းခံရဆဲဖြစ်ကာ (၈၈၈၄) ဦးမှာထောင်ဒဏ်ချမှတ်ထားခံရသည်။ ဖမ်းဆီးခံရပြီးပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၆၁၇၃) ဦးရှိသည်ဟုဖော်ပြထားသည်။
ယင်းအချက်အလက်များမှာ AAPP မှလက်လှမ်းမီသလောက် ကောက်ယူရရှိထားသည့်အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် သတင်းအချက်အလက်မှာ ယခုထက်ပိုများနိုင်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။
PPV003