ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ စုစုပေါင်း ၃၈ ဦးလွတ်မြောက်လာကြောင်း KPPA ထံကသိရသည်။

ကရင်နီပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား ၃၈ ဦးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ည ၁၂ ရီက လွတ်မြောက်လာကြောင်း KPPA ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံးကဆိုသည်။

“အပြစ်ဒဏ်ခံရမယ့်ရက်စေ့တော့ပြန်လွတ်လာတာပေါ့ မြို့မရဲစခန်းကိုပို့ဆောင်ပေးပြီးတော့ သူတို့နဲ့သက်ဆိုင်တဲ့သူကို ဖုန်းဆက်ပြီးလာခေါ်ခိုင်းတယ်”ဟု KPPAမှတာဝန်ရှိသူတစ်ဦးကပြောပါသည်။

လွတ်မြောက်လာသူများသည် နိုင်ငံရေးအကျဥ်းသား ကျား- ၉ ဦး၊ မ-၄ ဦးစုစုပေါင်း ၁၃ ဦးနှင့်တခြားပြစ်မှုဖြင့် လွတ်လာသူ ၂၅ ဦးတို့ဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း နိုင်ငံရေးအကျဥ်းသား/သူ ၁၂ ဦးအပါအဝင် အကျဥ်းသား/သူလွတ်မြောက်လာကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး(KPPA) ထုတ်ပြန်ထားသည်။

PPV008