ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄

လဲချားမြို့နယ်တွင် ငွေလိမ်သူများက မိသားစုဝင်အဖြစ်၊ မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး ဒေသခံအချို့ကို ငွေသိန်းချီလိမ်လည်သွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းသမားများက မြန်မာဘာသာစကား၊ ရှမ်းဘာသာစကားအသုံးပြုပြီး နည်းအမျိုးမျိုးဖြင့် ငွေကိုလိမ်သည့်အတွက် အလိမ်ခံရသူများ အခက်အခဲဖြစ်နေကြသည်။

“အလိမ်ခံရတဲ့ ကိုယ့်အသိထဲကတစ်ယောက်ဆိုရင် အမေလည်း နေမကောင်းတဲ့ကြားထဲ သမီးကြီးက အဝေးမှာအလုပ်လုပ်ရင်း ပိုက်ဆံရှာပြီး ပို့ပေးရတယ်ပေါ့ အိမ်က အငယ်မက မိခင်ကိုပြုစုပေးနေရတယ်လေအဲ့ကြောင့် ခက်ခဲတဲ့ကာလမှာ ပိုပြီးပူလောင်နေရတာပေါ့ သူ့မိသားစုတွက်ကတော့”ဟုလဲချားဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ခေတ်ပျက်နေသည့်နိုင်ငံရေးအကြပ်အတည်းကာလတွင် အလိမ်ခံရသည့်သူအနေဖြင့် မိမိ၏ ပေါ့ဆမှုနှင့်ပညာဗဟုသုတနည်းပါးမှုကြောင့်ဖြစ်ရသည့်အတွက် တခြားသူများ ထပ်မံပြီးအလိမ်မခံရအောင်အားလုံး သတိထားစေချင်ကြောင်းသူကဆက်ပြောသည်။

အွန်လိုင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းပြုလုပ်သူများသည် ရှမ်းအရှေ့ ရှမ်းမြောက်တို့မှာ ခေတ်စားနေပြီး ဖမ်းဆီးအရေးယူမှုရှိသော်လည်း ပိုမိုကျယ်ပြန့်လျက်ရှိပြီး ရှမ်းတောင်ပိုင်းအထိ ဖြစ်ပွားလာနေသည့်အတွက် သတိပြုရန်လိုအပ်ကြောင်းဒေသခံပြောပြချက်အရသိရသည်။

PPV008