ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄
ဆီဆိုင်တွင် သူခိုးများ အိမ်ဖောက်ခိုးယူနေချိန်တွင် အိမ်ရှင်များကမြင်ပြီး PNLA ကိုတိုင်းတန်းလာသဖြင့် ဖမ်းမိထားသည့် သူခိုးများအား ယခုတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားသည့် နှစ်လအတွင်းတွင် ပစ္စည်းလိုက်ခိုးနေသည့် သူခိုးများအား ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ဖမ်းမိထားသည့်သူများရှိသည်။
“ဖမ်းမိတဲ့သူခိုးအများစုက ပြည်သူတွေသတင်းပေးပြီး ဖမ်းမိတာများတယ်။ ဖမ်းမိတာတွေကို အခုအရေးယူတာ စစ်ဆေးတားမျိူးပြုလုပ်နေတယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAပြောရေးဆိုခွင့်ရှိသူခွန်ရုဲင်းယံကပြောသည်။
ဆီဆိုင်မြို့သည် လက်နက်ကြီး၊ လေယာဉ်ကြောင်းနေအိမ်များစွာပျက်စီးရသည့်အိမ်များရှိနေပြီး မပျက်စီးသည့် အိမ်များ အားလုံးကို သူခိုးများက ဖောက်ထွင်ပြီး တန်ဖိုးကြီးပစ္စည်း သယ်ယူခိုးလျက်ရှိကြောင်း သိရသည်။
တိုက်ပွဲ တွင်း ပြည်သူများစစ်ဘေးတိမ်းရှောင်ချိန် သူခိုးများကအခွင့်ကောင်းယူပြီး အိမ်ဖောက်စီးပွားဖြစ် ပစ္စည်းခိုးယူမှုများပြုလုပ်ကြသည်။
PPV005