ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄
ရပ်စောက်မြိုနယ် ဆတ်သေ၊ မြေမဲ(ချို့ထီ၊ ဟမ်းဖြေင်း)ကျေးရွာဘက်တွင် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)RCSS/SSAက ရွာတွင် ဂိတ်ကဲ့သို့ဖွင့်လှစ်ပြီး ဆက်ကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေ၊ မြေမဲ (ချို့ထီ၊ ဟမ်းဖြေင်း)တွင် RCSS/SSA က တွဲကားတစ်စီး ၁၂ သိန်း၊ ၆ ဘီးကား ၆ သိန်း၊ ထွန်စက် ၆ သိန်း၊ ပြောင်း၊ ပဲစင်းငုံတင်ကား ၅ သိန်း၊ သဲကား၊ ထုံးတင်ကား ၄ သိန်း၊ ဆိုင်ကယ်နှင့် ကုန်စိမ်းရောင်းသူ ၃ သိန်း စသည့်ဖြင့် ဆက်ကြေးကောက်ခံနေသည်။
“အစတုန်းကတော့ RCSS/SSA တစ်ရက်နှစ်ရက်လာတာတွေ့ရှိတယ် သွေးတိုးစမ်းတဲ့သဘောထင် ဒီဘက်က ငြိမ်နေတော့ ခုဆိုဂိတ်ပါဖွင့်ပြီ ရွာထဲက ဖြတ်သွားဖြတ်လာတဲ့ ကားတွေဆိုင်ကယ်တွေအကုန်လုံးကောက်တော့ ပြောင်းလာတင်တဲ့တွဲ ကားတွေဆို မလာရဲတော့ ရွာသားတွေပြောင်းရောင်းတဲ့ခါ ခက်ခဲကုန်တယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။
ဆတ်သေ၊ မြေမဲ(ချို့ထီ၊ ဟမ်းဖြေင်း)တွင် RCSS/SSA၊ SSPP/SSA က ဆက်ကြေးကောက်ခံမှုအပြင် PNO/PNA ကလည်း လာရောက်ပြီး ငွေကောက်ခံမှု စစ်မှုထမ်းရန်ကောက်ခံမှုများရှိနေကြောင်း ရွာ၏အ ရှေ့ဘက်တွင် စစ်ကောင်စီတပ်ရှိနေကြောင်း သိရသည်။
PPV001