ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၄
စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ပင်ပုံဘုန်ကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ပုံကျေးရွာဘုန်ကြီးကျောင်းကို ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။
“ခုတိုက်ပွဲ ငြိမ်တာ တစ်ပတ်လောက်ရှိပြီ။ အဲတာ တမင်သက်သက်ဗုံးလာကြဲတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပင်ပုံကျေးရွာအနီးရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့ စစ် ကင်းစခန်းကို မတ်လ ၁၈ ရက်နေ့တွင် ကရင်နီတော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲ ဖြစ်ပွားပြီး ဒေသခံများ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ပင်ပုံရွာသည် ပအိုဝ်းတိုင်ရင်းသားအများစုနေထိုင်ပြီး ကယန်းလူမျိုးလည်း အနည်းငယ်နေထိုင်ကာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
PPV005