ခမ်းသားငေါဝ်း
မတ် ၃၁၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် လက်ဘက်ခြောက်ဈေးနှုန်းသည် ၁ ပိဿာလျှင် တစ်သောင်းတစ်ထောင်ကျပ်ထိ ရောင်းရသော်လည်း စိုက်ပျိုးတောင်သူမှာ တွက်ခြေမကိုက်ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ရခြင်းသည်အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့်ဆန် ဆီ ဆားတို့က အဆမတန်စျေးမြင့်တက်နေသည့်အတွက် တွက်ခြေမကိုက်ကြောင်းဆိုသည်။

“တစ်ပိဿာ တစ်သောင်းတစ်ထောင်ဆိုပေမယ့်ခုဆိုရင် သိတဲ့အတိုင်း ဆန်တစ်အိတ်ကို တစ်သိန်းကျော်ရှိတယ် နောက်လက်ဖက်စိုက်ပျိုးတာက ခူးချိန်တို့အခင်းထဲ ပေါင်းရှင်းချိန်တို့ လူခေါ်ရတယ် အဲဒါတွေနဲ့ပြန်ယှဥ်ကြည့်လိုက်ရင် တွက်ခြေမကိုက်ပါဘူး”ဟု စိုက်ပျိုးတောင်သူအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်တပ်အာဏာမသိမ်းခင် လက်ခြောက်ဈေးနှုန်း တစ်ပိဿာကို ၇၀၀၀ ကျပ်ထိရလျှင် စားဝတ်နေရေးအတွက်အဆင်ပြေနေပြီး ယခုမှ ၁၀၀၀၀ ကျပ်ထိဈေးရှိသော်လည်း လက်ဘက်တစ်မျိုးသာစိုက်ကြသည့်သူအချို့မှာ စားဝတ်နေရေးအတွက်အဆင်မပြေကြောင်းသိရသည်။

ကုန်ပစ္စည်းအမျိုးမျိုးနှင့် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေသည့်ကာလတွင် စိုက်ပျိုးတောင်သူများထံမှ ထွက်သည့်ကုန်များလည်း တန်းတူဈေးနှုန်းဖြင့် ရောင်းချလိုသည့်ဆန္ဒရှိကြောင်းပြောဆိုကြသည်။

လက်ဘက်ခြောက်ကို ရှမ်းတောင်အတွင်းရှိ ပင်လောင်း၊ပင်းတယ၊ရွာငံ၊ပင်လုံစသည့်မြို့နယ်တို့အတွင်းတွင်စိုက်ပျိုးပြီးလက်ဘက်အခြောက်အစိုများထွက်ကြသလို ရှမ်းမြောက်ဒေသတို့တွင်လည်း ဘိုးဘွားစဥ်ဆက်အရ စိုက်ပျိုးကြသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *