ခမ်းသားငေါဝ်း
မတ် ၃၁၊၂၀၂၄

ဆီဆိုင်မြို့တိုက်ပွဲတွင် ဆီဆိုင်မြို့ပေါ်ရှိ ဇဝနာရာမ ပရိယတ္တိစာသင်တိုက်အပါ လူနေအိမ်အဆောက်အဦးများစွာ ပျက်စီး ဆုံးရှုံးနေရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်မြို့နယ်အတွင်း တိုက်ပွဲ ၂ လကျော်ဖြစ်ပွားရစစ်ကောင်စီဘက်မှလက်နက်ကြီးများ လေယာဥ်ဖြင့်ဗုံးကြဲမှု ဒရုန်းဖြင့်ဗုံးကြဲမှုများတို့ကြောင့် ပျက်စီးရခြင်းဖြစ်သည်။

“ကျောင်းတော်က ပျက်စီးတာအတော်လေးရှု့မြင်ဖွယ်မကောင်းပါဘူး တိုက်ပွဲစဖြစ်ပြီးနည်းနည်းကြာတော့ ကျောင်းထိခိုက်လာတဲ့ခါ ဆရာတော်နှင့်ကျောင်းကသံဃာ ဘေးကင်းရာကြွသွားရတယ် ခုလည်းထပ်ပြီးထိပြန််တယ် ပြန်လည်ပြုပြင်ဖို့ဆိုတာ အတော်တန်အချိန်ကြာတယ်လေ မလွယ်ဘူးပေါ့ ကျောင်းတွေ နောက်အိမ်တွေပျက်စီးရတာကိုမြင်တာ စိတ်မကောင်းလည်းမတတ်နိုင်ဘူး”ဟုဇဝနာရာမကျောင်းမှာသီတင်းသုံးနေထိုင်ဖူးသည့်ဦးဇင်းတစ်ပါးက ခမ်းသားငေါဝ်းကိုမိန့်သည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း”အများကြီးပဲပျက်စီးသွားတယ် ပြောကို မပြောချင်တော့ပါဘူး”ဟုပြောသည်။

ဆီဆိုင်မြို့သည် သုံးပုံ ၂ ပုံလောက်မှာမီးလောင် ပျက်စီးပြာကျနေပြီး မြို့ပျက်သဖွယ် ဖြစ်နေသော်လည်း စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့ မှ စစ်ကြောင်းထိုးရန် နေ့စဥ်ကြိုးစားနေသည့်အတွက် တိုက်ပွဲများလည်း နေစဥ်နီးပါးဖြစ်ပွားနေရကြောင်း PNLA ကထုတ်ပြန်ထားသည်။

ဇဝနာရာမကျောင်းတိုက်အပြင် အခြားသော ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များအပါ ဆီဆိုင်ဈေးလည်းမီးလောင်ပျက်စီးခဲ့ရသည်။

ရှမ်းတောင်ရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ် တိုက်ပွဲ ၂ လ ကျော်အတွင်းစစ်ကောင်စီ လက်နက်ကြီးနှင့် ဗုံးများကြဲချခံရ၍ အဆောက်အဦးထိခိုက်ပျက်စီးမှုများ (၄၉၁)လုံးထိခိုက်ပျက်စီးရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *