Month: April 2024

ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲအခြေအနေငြိမ်နေသော်လည်း စစ်ရှောင်များနေဆဲ

ခမ်းသားငေါဝ်း ဧပြီ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲအခြေအနေယခင်ထက်ငြိမ်နေသော်လည်း စစ်ရှောင်အရေ အတွက်များနေဆဲဖြစ်ကြောင်း ဧပြီလ(၂၉)ရက်နေ့ ပအိုဝ်းလူငယ်အစည်းအရုံ PYO တွင်ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲကြောင့် ဆီဆိုင်၊ညောင်ရွှေ၊ဟိုပုံး၊ပင်လောင်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ၂၁ ရက်နေ့မှ ဧပြီ ၂၇ရက်နေ့အထိ…

PNO ပြည်သူ့စစ်တပ်က ကျေးရွာတွင်းလာရောက်နေထိုင်သည့်အပြင် ရွာသားများကိုလည်းခြိမ်းခြောက်ပြောဆိုနေဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၉၊၂၀၂၄ ထမ်းယမ် ထီတမ်(အပေါ်ရွာ)ကျေးရွာတို့အတွင်း PNO ပြည်သူ့စစ်တပ်ဖွဲ့များက ကျေးရွာအတွင်းနေထိုင်နေသည့်အပြင် ရွာသားများကိုလည်းခြိမ်းခြောက်ပြောဆိုနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

စစ်ရှောင်ရင်း တောင်ယာလုပ်နေသည့် လင်မယားနှစ်ဦးအား စစ်ကောင်စီပစ်သတ်

ခမ်းသားငေါဝ်း ဧပြီ ၂၅၊ ၂၀၂၄ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တစ်နေရာတွင် စစ်ရှောင်နေရင်း ၊တောင်ယာလုပ်နေသည့် လင်မယားနှစ်ဦးအား စစ်ကောင်စီကဖမ်းဆီး နှိပ်စက်ပြီး ပစ်သတ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းတွင် ဧပြီလ၂၃ ရက်နေ့က…

နောင်တဗင်ရွာတွင် PNO ပြည်သူ့စစ်က စစ်မှုထမ်းရန် မဲစနစ်ဖြင့်လုပ်သော်လည်း အများစုက ပေါက်မဲသာဖြစ်နေဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် စစ်မှုထမ်းဆင့်ခေါ်ရန် PNOပြည်သူ့စစ်က မဲနှိုက်စနစ်ပြုလုပ်သော်လည်းအများစုက ပေါက်မဲသာဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့၌ PNOပြည် သူ့စစ်အဖွဲ့မှလာရောက်ပြီး စစ်မှုထမ်းရန် မဲစနစ်ဖြင့်…

စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးအပါအ ဝင် ၉ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၂၅၊ ၂၀၂၄ စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင်(၉)ဦးထိခိုက်ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ် လယ်ဒိုမြို့နယ်အတွင်း ဧပြီလ(၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး ၁၈ နှစ်အောက်ကလေး…

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ ၁၆၆ ဦးရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၅၊ ၂၀၂၄ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၆ ဦးထိရှိလာသည်ဟု ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအစင်း AAPP က ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း…

အောင်ပန်းမြို့တွင် ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းထပ်မံတွေ့ရှိ

ခမ်းသားငေါဝ်း ဧပြီ ၂၄ ၊ ၂၀၂၄ အောင်ပန်းမြို့တွင် အမည်မသိပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုထပ်မံ တွေ့ရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့ အနီး ကမ်းပါးနီးရွာနှင့် ညောင်ကုန်းရွာ ချောင်းအစပ်၌ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀…

ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၄၊ ၂၀၂၄ ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို PNO ပြည်သူစစ် ကောက်ခံခြင်း ခံရသလို စစ်ကောင်စီမှလည်း စစ်ကောက်ခံခြင်း ခံနေရသည့်အတွက် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရသည်ဟု ဒေသခံက ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်…

PNO ပြည်သူ့စစ်ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် စင်းတောင်းရွာသားများ အိမ်တွင်မအိပ်ရဲဘဲ တောထဲအိပ်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ PNO ​ပြည်သူ့စစ် ပေါ်တာဆွဲဖမ်းဆီးသဖြင့် စင်းတောင်းရွာ လူလတ်ပိုင်း အမျိုးသားများ အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲ သွားအိပ်နေရကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာတွင် ဧပြီလအတွင်း PNO ပြည်သူ့…

မိုးဗြဲအခြေစိုက်ခလရ- ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင်တော်လှန်ရေးအင်အားစုမှ ရဲဘော် ၂၅ ဦးကျဆုံးဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ရှမ်း- ကယားအစပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီတပ် ခလရ ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုတပ်မှ ရဲဘော် ၂၅ ဦးကျဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ စစ်ကောင်စီ၏ ၄၂၂ စခန်းကိုသိမ်းနိုင်ရန်ယနေ့အချိန်ထိ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရခြေထောက်ဆုံးရှုံးရသည့်ရဲဘော်များလည်း…