Month: March 2024

ညောင်ရွှေမြို့တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး သေဆုံး

ခမ်းသားငေါဝ်း မတ် ၉၊၂၀၂၄ ညောင်ရွှေမြို့ ရေဦးကျေးရွာအနီး ဆောက်လုပ်ဆဲတံတားနားတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ် ရေဦးကျေးရွာ အနီး ဆောက်လုပ်ဆဲတံတားအနီး မတ်လ ၈ ရက်ညတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ “မနေ့ညကတည်းကမှောက်တာ။ ဒီမနက်မှ လမ်းသွား လမ်းလာသူတွေ့တာ။ သူများတွေတွေ့တဲ့ချိန် အသက်မရှိတော့ဘူး။ အဲနားမှာ…

ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်အနီး ညအချိန်စက်လှေသွားလာခြင်းနှင့် ငါးဖမ်းခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ ပိတ်ပင်ထား

ခမ်းသားငေါဝ်း မတ် ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုရှိသဖြင့် ညအချိန်စက်လှေသွားလာခြင်းနှင့် ငါးဖမ်းခြင်းမပြုလုပ်ရန် တော်လှန်ရေးအဖွဲ့သုံးဖွဲ့ပေါင်းပြီးထုတ်ပြန်လာသည်။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ အမှတ် (၁၀၀၂) တပ်ရင်း၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ အမှတ် (၁၀၀၆) ၊ ရှမ်းတောင်ဗျူဟာ ၂ တပ်ရင်းတို့မှ ပြည်သူလူထုများ အန္တရယ်ကင်းရှင်းရေးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း မတ်လ ၈ ရက်နေ့…

ပညာသင်ကြားခွင့်ဆုံးရှုံးသည့် လူငယ်များတက်ရောက်သည့် PNFC Online school ကျောင်းဆင်းပွဲ ကျင်းပပြုလုပ်

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် လူငယ်များအတွက် ပညာဆက်လက်ဆည်းပူးနိုင်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဖွင့်လှစ်သည့် အွန်လိုင်းကျောင်းကို ယနေမနက်ပိုင်းက ကျောင်း ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံသိရသည်။ PNFC၏ အွန်လိုင်းကျောင်းဖွင့်လှစ်ရသည်မှာ ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် လူငယ်များအတွက် ပညာဆက်လက်ဆည်းပူးနိုင်ရန်ဖွင့်လှစ်ထားခဲ့သော်လည်း နိုင်ငံရေးအခြေအနေအရ အခက်ခဲရှိခဲ့ကြောင်းဆိုသည်။ “လက်ရှိသင်ကြားတဲ့အခြေအနေအရဆိုရင်တော့ ကျောင်းသူကျောင်းသားနဲ့ဆရာဆရာမတွေက အရင်ကထက်အခက်ခဲပိုရှိတာပေါ့ ဘာလို့လဲဆိုတော့ နိုင်ငံရေးအခြေနေတွေက အရင်ကထက်ဆိုးရွာတယ် အင်တာနက်ကလည်း အရင်ကထက်ဆိုးရွားလာတယ်”ဟု PNFC…

ကျောက္ကဆျားရွာအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံး လာကြဲသဖြင့် နေအိမ်များပျက်စီးပြီးပြည်သူ တစ်ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကျောက္ကဆျား ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခြင်းကြောင့် ရွာခံတစ်ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေး တပ်မတော် PNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို ယနေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ…

တောမီးမှတစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၉ လုံးမီးထဲပါသွား

ခမ်းသားငေါဝ်း မတ် ၈ ၊ ၂၀၂၄ တောမီးမှ တစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၇လုံးမီးထဲပါသွား ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ် ၊ပါလောင်းကျေးရွာတွင် မတ်လ ၃ ရက်နေ့က တောမီးလောင်ရာမှ လူနေအိမ်သို့ မီးကူးပြီးရွာသား နေအိမ်၂၇ လုံးမီးထဲပါသွားခဲ့သည်။ “ရွာသားအများစုက စစ်ရှောင်ကြတာ။ အိမ်တွေမီးလောင်တော့ရွာမှာ ကျန်တဲ့သူတွေက ငြိမ်သက်ပြီးနိုင်သွားတာ…

ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း ပအိုဝ်း အမျိုးသား လွှတ်မြှောက်ရေးတပ်မတော်PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် PNLA မှ ရဲဘော်များ အရေပြားယားယံခြင်း ၊မူးဝေ့ခြင်း၊ အသက်ရှူမြန်ဆန်ခြင်း ၊မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မေားပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းတို့ ခံစားခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…

ဗန်းမောက်ရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့်စစ်ဘေးရှောင်များ ထွက်ပြေးရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ဗန်းမောက်ရွာတွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်လာသူများ ရွာထဲ မနေရဲပဲ ထွက်ပြေးနေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဗန်းမောက်ကျေးရွာတွင် ယမန်နေ့နှင့် ယနေ့ တွင်စစ်ကောင်စီအင်အား များစွာနှင့် လာရောက်တပ်စွဲ ခြင်းကြောင့် ရွာသားများ ရွာထဲမနေရဲပဲ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။…

ပင်လောင်းတွင် မိမိရပ်ရွာအပြင် အခြားတင်းထက်ကျေးရွာသို့လည်း အလှည့်ကျဂိတ်စောင့်နေရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်ကျေးရွာတချို့ရှိ လူငယ်များအား PNO ပြည်သူ့စစ်က တခြားကျေးရွာရှိဂိတ်တွင် စောင့်ခိုင်းနေကြောင်း ဒေသခံကခမ်းသားငေါဝ်း သို့ပြောသည်။ မိမိတို့ကျေးရွာမဟုတ်သည့် တင်းထက်ဘက်ရှိဂိတ်တွင် နေ့စဉ် နှစ်ယောက်တစ်ဖွဲ့အနေဖြင့် အလှည့်ကျ ကင်းသွားစောင့်ခိုင်းနေပြီး လူငယ်အများစုက မသွားချင်ကြသော်လည်းအမိန့်အရ သွားနေရသည်ဟုဆိုသည်။ “ခုလောလောဆယ်အလုပ်များတာကတစ်ဖက် ခုရွာမှာ စောင့်ခိုင်းတာတစ်မျိုး ခုကထပ်လာပြန်တော့ စိတ်ဆင်းရဲတယ် မသွားချင်လည်းသွားနေရတယ် ရှမ်းတောင်မှာ စစ်ပွဲဖြစ်နေတော့…

ပြည်သူများ ပြည်သူ့စစ် ထဲမဝင်ချင်သော်လည်း အတင်းအဓမ္မ ဆင့်ခေါ်နေ

ခမ်းသားငေါဝ်း မတ် ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မြောက်ဘက်ရှိ လွယ်မွန်၊ ခုတ်နမ်း၊ ကျောင်းချယ်ရွာခံများကို PNO ပြည်သူ့စစ်ထဲဝင်ရန်အတင်းဆင့်ခေါ်နေကြောင်းဒေသခံတစ်ဦးထံက သိရသည်။ PNO ပြည်သူ့စစ် လက်အောက်ခံလူကြီးအချို့က လွယ်မွန်ရွာတွင် အယောက် ၅၀၊ ကျောင်းချယ်နှင့် ခုတ်နမ်းရွာတွင် ၁၀ ဦးစီ ဆင့်ခေါ်နိုင်ရန်လုပ်ဆောင်သွားမည်ဟုဆိုသည့်အတွက် မသွားချင်သောလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။ “ခေါ်တာက အမျိုးသားရေးတစ်ခုလုံးနဲ့ မသက်ဆိုင်ပဲ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်နေတာမို့ သဘောမကျဘူး ခေါ်ပြီးရင်လည်း…

တောင်ကြီးဘက်မှ ဟိုပုံးဘက်သို့ စစ်ကောင်စီ အလုံးအရင်း အင်အားဖြည့်နေ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင် ဟိုပုံးဘက်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှ ဟိုပုံးဖက်သို့ ယနေ့နေ့လည်ပိုင်းတွင် စစ်သားအပြည့်ပါကား ၂၂ စီးနှင့် ရိက္ခာတင်ကား ၆ စီး၊ကားအလွှတ် ၆…