Month: March 2024

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လအိကျေးရွာ ဆေးရုံကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ ၂ ဦး သေဆုံး

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကိုစစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး၊ (၃) ဦးထိခိုက်ဒါဏ်ရာရသွားသည်၊၊ ” ကျန်းမာရေးကိစ္စတွေဆိုလည်း ဒီဆေးရုံပဲအားထားကြရတာ၊ ဒါမျိုးတော့မလုပ်သင့်ပါဘူး”…

မိုးကြီးပြီး မိုးယိုသဖြင့် ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ဘေးရှောင်များ အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ရှောင် စခန်းတစ်ခုတွင် မိုးကြီးပြီး စစ်ဘေးရှောင်များ နေထိုင်ရာ မိုးယိုနေသဖြင့် အခက်ခဲများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်းနယ်စပ်တွင် မတ်လ ၂၂ ရက်နေ့၌ မိုးကြီးခြင်းကြောင့် တဲထိုးပြီးနေနေရသည့် စစ်ဘေးရှောင်များ အခက်ခဲတွေ့နေကြသည်။ “မိုးကာတွေလည်းကြာပြီ စုတ်လည်းစုတ်နေတော့ မိုးရွာတော့ ရေယိုတာ ပျက်စီးတာ ဖြစ်တယ်။…

သာမိုင်းခမ်းတံတားအကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီးတစ်ဦးသေ၊တစ်ဦးအပြင်းထန်ဒါဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၂၂ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း အောင်ပန်း-တောင်ကြီးလမ်း သာမိုင်းခမ်းတံတားအကျော် နီလာရိုးမစက်သုံးဆီအရောင်းဆိုင်ရှေ့ အနီး ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးအပြင်းအထန်ဒါဏ်ရာရကာ တစ်ဦးသေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။ မတ်လ ၂၁ ညနေ ၃ နာရီခန့်အချိန်တွင် နီလာရိုးမစက်သုံးဆီအရောင်းဆိုင်ရှေ့အနီးလမ်းမ ၌ (၆) ဘီးယာဉ်နှင့် light truck ယာဉ်တို့ မိုးအနည်းငယ်ရွာစဉ် စလစ် ဖြစ်ကာ…

ရှမ်းတောင်တွင် နှစ်လနီးပါးအတွင်း စစ်ကောင်စီလေကြောင်းဖြင့် လေးရာကျော် လက်နက်ကြီးဖြင့် နှစ်ထောင်ကျော်တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲ ဖြစ်ပွားသည့် ၅၆ ရက်အတွင်း စစ်ကောင်စီဘက် လေကြောင်းဖြင့် ၄၂၅ ကြိမ်တိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ကြိမ်၂၁၂၀ ကြိမ်တိုက်ခိုက်လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် တိုက်ပွဲ မဖြစ်ပွားသည့်နေရာပါ လေယာဥ်နှင့်ဗုံးကြဲခြင်း…

ဆီဆိုင်တွင် မပေါက်သေးသည့်လက်နက်ကြီးအကြွင်းအကျန်များ အန္တရာယ်ဖြစ်မည်ကိုဒေသခံ စိုးရိမ်

ခမ်းသားငေါဝ်း မတ် ၂၁၊၂၀၂၄ ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးအကြွင်းအကျန်များ ရှိနေသည့်အတွက် အန္တရာယ်ဖြစ်လာမည်ကို ဒေသခံများကစိုးရိမ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲဖြစ်ပွားမှု ၂ လကျော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှ​အကြိမ်ရေ ၂ ထောင်ကျော်အထိအသုံးပြုပြီး မပေါက်ကွဲသည့် လက်နက်ကြီးများရှိသောကြောင့် ပေါက်ကွဲပြီး အန္တရယ်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ “အဓိက စစ်ကောင်စီက လက်နက်ကြီးနေ့တိုင်းပစ်တော့ မပေါက်ကွဲသေးတာအများကြီးရှိတယ်လေနော် အဲ့ဒါတွေကိုရှင်းပေးမယ့်လူလည်းမရှိ ပြည်သူတွက်က…

ဝိုင်းလုပ်ရင်ဖြစ်တယ်ဆိုသည်ကို တိုင်းရင်းသားလက်နက်ကိုင်များအား တပ်လှန့်နိုးဆော်သည့် အနေနှင့် ၁၀၂၇ စစ်ဆင်ရေးပြုလုပ်ခဲ့ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအကောင်ထည်ဖော်လိုက်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တပ်လှန့်နှိုးဆော်လိုက်​ခြင်းဖြစ်သည် ဟု PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် ကပြောလိုက်သည်။ ရှမ်းမြောက်ပိုင်း ၂၀၂၃ခုနှစ် အောက်တိုဘာ(၂၇) ရက်နေ့တွင် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့်ရက္ခိုင်တပ်တော်( AA) တို့မှစတင်လိုက်သည့် “၁၀၂၇စစ်ဆင်ရေး”သည် နွေဦးတော်လှန်ရေးတွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဝိုင်းလုပ်ရင်ဖြစ်သည့်အကြောင်း တပ်လှန့်နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က…

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဟိုနမ်းဒေသဖက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၂၀၊၂၀၂၄ စစ်ကောင်စီတပ်သည် ဟိုနမ်းဒေသဖက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲပြီး ယင်းဒေသရှိပြည်သူကိုခြိမ်းခြောက်နေကြောင်း ဒေသခံထံက သိရသည်။ မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မောက်မဲမြို့နယ် ဟိုနမ်းဒေသ ထီရီးကျေးရွာအနီး ကောင်နွေတိုက်တောင်ပေါ်တွင် တောင်ယာသွားလမ်းတစ်နေရာတွင် တိုက်ပွဲ စစ်ပွဲမဖြစ်ပွားပဲစစ်ကောင်စီကလေကြောင်းဗုံးကြဲ ၂ ကြိမ်ပြုလုပ်တိုက်ခိုက်ခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်၊၊ “စစ်ပွဲတိုက်ပွဲဖြစ်ပွားတာလည်းမရှိ အကြောင်းမဲ့လာကြဲတာ…

အောင်ပန်း- တောင်ကြီးလမ်း GBS ကုမ္ပဏီရှေ့ ကား မတော်တဆဖြစ်ပွားပြီး ယာဥ်မောင်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၂၁၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း တောင်ကြီးလမ်း GBS ကုမ္ပဏီရှေ့အနီးတွင် ကားမတော်တဆဖြစ်ပွားပြီး ယာဥ်မောင်းလာသူမှာ ထိခိိုက်ဒဏ်ရာရခဲ့ကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ကိုအောင်အမည်ရှိသည့်သူသည် အောင်ပန်း တောင်ကြီးလမ်း Good Brothers” ကုမ္ပဏီလီမီတက်အရှေ့အနီး ကားဘရိတ်ပေါက်ပြီး လမ်းဘေးမြောင်းထဲသို့ တိမ်းမှောက်ပြီး ယာဥ်မောင်းမှာ…

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သတ်ဖြတ်ခံရသူဦးရေ လေးထောင်ခုနှစ်ရာကျော် အထိရှိလာ

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ စစ်ကောင်စီအာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းနွေဦးတော်လှန်ရေးကာလတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူသတ်ဖြတ်ခံရသူ ၄၇၅၂ ဦး ရှိလာကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPထုတ်ပြန်ချက်အရ သိရသည်။ ထိုအပြင် အတည်ပြုရန်လိုအပ်သည့် နာမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ လှုဦးရေ ၁၅၀၀ ဝန်းကျင်ကိုလည်း သီးခြားစာရင်းပြုစုထားတာရှိသေးကြောင်း ထုတ်ပြန်ချက်တွင်တွင် ပြောသည်။ အာဏာသိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး မတရားဖမ်းဆီးခံရသူ ၂၆၂၅၆ ဦးရှိပြီး…

ဆိုက်ခေါင်တွင် ကမ္ပဏီကားမောင်းသူကို လုံခြုံရေးစောင့် စစ်ကောင်စီနှင့်ပြည်သူ့စစ်ကပစ်သတ်ခဲ့

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ ဆိုက်ခေါင်တွင် ကမ္ပဏီကားမောင်းသူ ဒေသခံအမျိုးသားတစ်ဦးကို လုံခြုံရေးစောင့် စစ်ကောင်စီနှင့်ပြည်သူ့စစ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် နေအိမ်သို့ပြန်လာသူ အောင်သုခရပ်ကွက်နေ ကုမ္ပဏီကားမောင်းသူ ကိုညွန့်နိုင် ပစ်သတ်ခံရကြောင်း သိရသည်။ ” အဲ့နေ့က (ကိုညွ့န့်နိုင်) အလုပ်နားပြီး…