Month: March 2024

စစ်ရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် စစ်ဘေးရှောင်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း မတ် ၂၊၈ ၂၀၂၄ စစ်ဘေးရှောင်ရင်း စားဝတ်နေရေး ခက်ခဲလာသဖြင့် ကောင်တောင်းရွိုရွာနေ ဖြားခွန်စိန်သည် ရွာပြန်ပြီး မိမိကိုယ်ကို အဆိပ်သောက် အဆုံးစီရင်ခဲ့ကြောင်း ရွာသားထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကောင်တောင်းရွိုရွာ ဖြားခွန်စိန်သည် မတ်လ တတိယပတ်အတွင်းတွင် စစ်ဘေးရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် မိမိကိုယ်ကို အဆိပ်ဆေးသောက်အဆုံးစီရင်ခဲ့သည်။ “သူက စစ်ဘေးရှောင်ရင်း ခက်ခဲနေလို့ ရွာပြန်ပြီး ပိုးသတ်ဆေးသောက်သေတာ။ တစ်ပတ်လောက်ရှိပြီ ရက်အတိကျတော့မသိဘူး”ဟု…

လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှုကြောင့် မတ်လအတွင်း အမျိုးသမီးသေဆုံးမှု ၆၁ ဦးထိရှိ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှု ကြောင့် မတ်လအတွင်း မြန်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိသေဆုံးရသည့် အမျိုးသမီးအရေအတွက်ဖြစ်ပြီး အသက် ၁၈ နှစ်အောက်သေဆုံးသူ(၁၆)ဦးနှင့်…

စစ်ကောင်စီက စစ်ရေးရှုံးနိမ့်သည်ကို အာရုံလွဲရန် လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ပေါ်အောင်ကြိုးပမ်းနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ စစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်ရန်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၏ထုတ်ပြန်ချက်အရသိရသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကစစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် လူမျိုးရေး ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်လာအောင် ယခုရက်ပိုင်းအတွင်း ပိုမိုအားစိုက်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ကမတ်လ(၂၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် လူမျိုးရေးပဋိပက္ခများဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေ…

ပစ္စည်းပြန်ယူသည့် ဒေသခံနှစ်ဦးထံ PNO ပြည်သူ့စစ် က လေးလုံးထိုးကား၊ ဖုန်းနှင့် ငွေ ၄ သိန်း သိမ်းယူသွား

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့ထဲသို့ ပစ္စည်းပြန်ယူသည့် ဒေသခံများထံ PNO ပြည်သူ့စစ်က လေလုံးထိုးကားတစ်စီး၊ဖုန်းနှင့် ပိုက်ဆံ ၄ သိန်းကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မတ်လ ၂၃ ရက်နေ့က ပစ္စည်းပြန်ယူသည့် ဒေသခံများသည် ပစ္စည်းယူပြီး ပြန်ထွက်ချိန် ဆိုက်ခေါက်ကျေးရွာ အနောက်တောင်ဖက်၌ PNO ပြည်သူ့စစ်က စစ်ဆေးမှု ပြုလုပ်ပြီး…

နမ့်ဟူး ကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ဟိုပုံးမြို့နယ် ၊နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များစားဝတ်နေရေး အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆား များအဓိကလိုအပ်နေပြီး အဝတ်အထည် ၊ အခင်းနှင့်စောင်များလည်း လိုအပ်သည်။ ” အမျိုးတွေ၊ အသိမိတ်တွေဆီမှာ ကိုယ်စီ စစ်ဘေးရှောင်နေကြရတော့ အလှူရှင်တွေက လက်လှမ်းမီဖို့ခက်တဲ့အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်” ဟုစစ်ဘေးရှောင်တစ်ဦးက…

ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို NUG ထုတ်ပြန်

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထပ်မံထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်တွင် ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပြီး စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် ကျင့်ဝတ်အသစ်အား မတ်လ…

ပင်လောင်း၊ နောင်တရားဖက် စစ်ဘေးရှောင်များထံ PNO ပြည်သူ့စစ် က ငွေကောက်ခံနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပင်လောင်း၊ နောင်တရားမြို့ပေါ်နှင့် ကျေးရွာဖက် စစ်ဘေးရှောင်စခန်းများတွင် PNO ပြည်သူ့စစ်က စစ်ရှောင်များထံ ငွေကောက်ခံသဖြင့် စစ်ရှောင်များအခက်ခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ စစ်ရှောင်စခန်းများတွင် မတ်လ ၂၂ ရက်နေ့က စစ်ရှောင်အိမ်ထောင်စုတစ်စုကို PNO ပြည်သူ့စစ်က ငွေတစ်သိန်းကောက်ခံနေသည်၊၊ “စစ်ရှောင်ပါတယ်ဆိုမ ငွေကလာကောက်တယ်။အိမ်ထောင်စု တစ်စုကို တစ်သိန်းတဲ့…

နန်းတုတ်ရွာကိုစစ်ကောင်စီက ဗုံးလာကြဲသဖြင့် နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီး

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ နန်းတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီးခဲ့ကြောင်း ရွာခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊နန်းတုတ်ရွာကို မတ်လ ၂၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲချခဲ့သည်။ “လူအိပ်ချိန်ညသန်းခေါင်မှာ လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်တယ်…

ဖုန်းနဲ့အိတ်ကိုချန်ထားပြီး ဆိုင်ကယ်သော့အုံပြင်ပေးမည်ဟုဆိုကာဆိုင်ကယ်မောင်းပြေးသွား

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ တောင်ကြီးမြို့၊ ဖရဲရပ်ကွက်တွင် ဆိုင်ကယ်ပြန်ပြင်ပေးမည်ဟုဆိုပြီး ယုံကြည်ရန် ဖုန်းနှင့်အိတ်ကိုချန်ထားကာ ထွက်ပြေးသွားကြောင်း သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေခင်း ၄ နာရီခွဲဝန်းကျင်ခန့်တွင် တောင်ကြီးမြို့၊ဖရဲရပ်ကွက် သက်စေ့ရန်အောင်ဘုရားပေါ်လာသည့် ကိုပြည့်/ပြည့်ငြိမ်းဆိုသူက ကလေးမလေး ၂ ယောက်၏ဆိုင်ကယ်ကို သော့အုံဖျက်ကားဆိုင်ကယ်ခိုးယူရန်ကြိုးစားသူက ဆိုင်ကယ်မောင်းပြေးသွားကြောဂ်းငိရသည်။ ”ဆိုင်ကယ်သူခိုးက ဖုန်းချန်ခဲ့တာ သူ့အိမ်ကဖုန်းဝင်လာတော့ ဆက်တဲ့သူက သူ့အဒေါ်တဲ့…

ပင်လောင်းတောင်ဘက် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မတ်လ ၂၁ ရက်တွင် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နမ့်ဖာမူကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာရတဲ့ကလေးက နမ်းဖာမူဖက်ပါ။လက်နက်ကြီးထိတာပါ ။…