Month: March 2024

နမ္မတူတွင် မပေါက်ကွဲသေးသည့်လက်နက်ကြီးကိုယူဆော့ရာမှ ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ တောင်သုံးလုံးကျေးရွာတွင်မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ယူလာဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးတစ်ဦးပွဲချင်းပြီးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းမြောက်ပိုင်း နမ္မတူမြို့နယ် တောင်သုံးလုံးကျေးရွာတွင် မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က အသက်…

ပြည်သူများ စစ်ဘေးရှောင်နေသည့်ကြား PNO ပြည်သူ့ စစ် အတင်းခေါ်ယူခြင်းလည်းခံရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုဒေသခံများ စစ်ဘေးရှောင်နေရသည့်ကြား တစ်အိမ်တစ်ယောက် ပြည်သူ့စစ် စစ်မှုထမ်းဆောင်ရန် PNOပြည်သူ့စစ်ကအတင်းခေါ်ယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်​မြို့ မြောက်ဘက် ပင်စုံကျေးရွာအုပ်စုအတွင်း ဝါးခြာ၊ နမ်းသြ၊ ပင်တီ စသည့်ကျေးရွာများရှိ…

ကျောက်တလုံးဒေသခံအချို့ နိုင်ငံခြားရောက်သော်လည်း ပြည်သူ့စစ် စစ်မှုထမ်းအစား လစဥ်ကြေးပေးဆောင်နေရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်သည့် ကျောက်တလုံးဒေသခံအချို့ စစ်မှုထမ်းရန် အစားထိုးအနေဖြင့် လစဥ်ကြေးကိုသိန်းချီပေးဆောင်ခဲ့ရကြောင်းထိုင်းရောက်ဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့ဘက်ရှိ ကျေးရွာအုပ်စုများအတွင်း နေထိုင်သည့်ဒေသခံများသည် စစ်မှုထမ်းရန်လူကိုယ်တိုင်မရှိခြင်းကြောင့် ထိုစစ်မှုထမ်းအစား ပိုက်ဆံနှင့်အစားထိုးပြန်ပေးနေရကြောင်းဆိုသည်။ “မပေးလို့မရဘူးလေ ငါတို့ရွာကသိတဲ့အတိုင်း၊တစ်လကို ၃ သိန်းအဲ့လိုပေးရတယ်၊ အစက…

PNOပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက် နောင်ကားကျေးရွာအုပ်စုအတွင်း တစ်အိမ်ငါးသောင်းကောက်နေ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ နောင်ကားကျေးရွာအုပ်စုရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက်တစ်အိမ်လျှင်ငါးသောင်းကျပ် ကောက်ခံနေကြောင်း ဒေသခံများက ခမ်းသားငေါဝ်းသို့ ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုရှိ ရွာတိုင်းလိုလိုတွင် မတ်လ ၁…

စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း ပျက်စီး

ခမ်းသားငေါဝ်း မတ်လ၂၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း မီးလောင်ပြာကျသွားကြောင်း ပုံးအယ်ရွာဒေသခံတစ်ဦးကပြောသည်။ ဟိုပုံးမြို့နယ် တောင်ကြီး မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဖေဖော်ဝါရီ ၂၅ ရင်နေ့က စစ်ကောင်စီ…

ဆီဆိုင်မြို့တွင်း ပစ္စည်းပြန်ယူစဉ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းများ ပြန်ယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရနေကြောင်း မိသားစုဝင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြို့တွင်း ပစ္စည်း…

တောင်ကြီးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ပေးဝေနေ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အထွက် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ စစ်ကောင်စီလက်အောက်ဝန်ထမ်းများက ပေးဝေနေသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။ ၎င်းကို စစ်သား၊ ရဲနှင့် ပြန်ကြားရေးအဖွဲ့များ ဦးဆောင်ပြီး မတ်လ…

မိုင်းပွန် – တောင်ကြီးလမ်းပြန်ဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေ၍ ခရီးသွားလာသူများစိုးရိမ်နေရ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု…

အောင်ပန်းတွင်ဆိုင်ကယ်တစ်စီး အုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံး၊တစ်ဦးပြင်းထန်စွာဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၁၊၂၀၂၄ အောင်ပန်းမြို့တွင် ဆိုင်ကယ်တစ်စီး လမ်ဘေးအုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သရက်ပု-ကမ်းပါးနီ ဂျာမနီလမ်းတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ အုတ်တံတိုင်းကို…

နန်းတုတ်ရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ၊ နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅…