Month: March 2024

ဆီဆိုင်မြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲပြင်းထန်

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် ဖေဖော်ဝါရီ(၄)ရက်နေ့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ (၅)ရက်နေ့က PNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် PNLA ကခုခံတိုက်ခိုက်ရာ ဆီဆိုင်မြို့မြောက်ဘက်တွင်…

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် သဘောတူထားကြောင်း စစ်ကောင်စီဘက်ကပြော

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားကြောင်း စစ်ကောင်စီ၏ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မတ်လ(၁)ရက်နေ့မှ(၃)ရက်နေ့ထိ တရုတ်နိုင်ငံကူမင်းမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို…

မိုင်းပန်တွင် ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်းသားများကို RCSS/SSA မှ စစ်မှုထမ်းရန်ခေါ်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၅၊၂၀၂၄ မိုင်းပန်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက်လူငယ်များအား ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်း သားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAမှ စစ်မှုထမ်းရန်ခေါ်ယူနေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ရှိ ကျေးရွာများတွင် ဗာမာကလွဲ၍…

လွယ်ဝိုးတုတ်ရွာတွင် စစ်ကောင်စီနှင့် လက်အောက် ခံ PNOပြည်သူ့စစ်တို့ ဒေသခံပစ္စည်းများခိုးယူပြီး ကားဖြင့်သယ်ထုတ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပစ္စည်းများအား ခိုးယူနေသယ်ထုတ်နေ ကြောင်း ရွာသားထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်ပြီးနောက်…

တိုက်ပွဲကြောင့် လွိုင်လင်တိုးဂိတ်နှင့် မိုင်းပွန်တံတား ပိတ်လိုက်၊ ဖွင့်လိုက်ပြုလုပ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ဂိတ်နှင့် မိုင်းပွန်တံတားကိုတိုက်ပွဲ စစ်ကောင်စစ်နှင့်လက်အောက်ခံများက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေကြောင်းဒေသခံထံက သိရသည်။ မိုင်းပွန်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရသောကြောင့် တံတားကို ယနေ့မတ်လ ၅ ရက်နေ့နံနက် ၉ နာရီအချိန်တွင်…

TNLAသိမ်းဆည်းထားသည့် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနှင့် နမ့်ဆန် မြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြောင်း ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီက မြို့နယ်…

လွိုင်လင်မြို့တွင် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်လာပြီး ပေါ်တာဖမ်းမည်ကိုဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း မတ် ၄၊၂၀၂၄ လွိုင်လင်မြို့အတွင်းမှာ စစ်ကောင်စီနှင့်လက်အောက်ခံပျူစောထီးများစစ်ဆေးမှုတင်းကြပ်လာပြီးလုံခြုံရေးနှင့် ပေါ်တာဖမ်းမည်ကိုစိတ်ပူနေရကြောင်းဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အတွင်းတွင် စစ်ကောင်စီလက်အောက်ခံများက အရပ်ဝတ်ဖြင့် သွားလာသူကို စစ်ဆေးနေသလို ညဘက်တွင်လည်း မြို့တွင်းမှာ လှုပ်ရှားသွားလာခြင်းရှိနေကြောင်းဆိုသည်။ “ပျူစောထီးအဖွဲ့တွေရောက်နေတယ် လွိုင်လင်ရေကန်နားအရပ်ဝတ်နဲ့ စစ်ဆေးတာရှိတယ် စစ်ကောင်စီတပ်သားလည်းရှိတော့ ညဖက်တွေမှာပေါတာဆွဲဖမ်းတာမျိုးစိုးရိမ်ရတာပေါ့”ဟုအမည်မဖော်လိုသောသတင်းရင်းမြှစ်က…

စစ်ကောင်စီကို သတင်းမပေးကြရန် ပအိုဝ်းပြည်သူတောင်းဆို

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ စစ်ကောင်စီ ကိုသတင်းပေးခြင်းကြောင့် လက်နက် ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဥ် ဗုံးကြဲခြင်းပြုလုပ်ပြီး လူထုထိခိုက်သည့်အတွက် သတင်းမှားမပေးရန် ဒေသခံ ပြည်သူကတောင်းဆို သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများဖြစ်သည့်ဆီဆိုင်၊လွိုင်လင်၊ဟိုပုံးမြို့နယ်ရှိ တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများကို သတင်းပေးခြင်းကြောင့်…

ဆီဆိုင်မြို့တွင် ပြည်ပရောက်နေသည့် သားကိုယ်စား ဖခင်ဖြစ်သူက စစ်မှုထမ်းပေးနေရ

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် ပြည်ပရောက်နေသည့် သားကိုယ်စား ဖခင်ဖြစ်သူက PNO-ပြည်သူ့စစ်ထဲ စစ်မှုထမ်းပေးနေရသည်ဟု မတ်လ (၄) ရက်နေ့က ကြုံတွေ့ရသူ ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြောက်ဖက်ကျေးရွာအချို့တွင် PNO…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်င/တန်ပျင်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ကောင်စီတပ်သားဝန်ခံထွက်ဆို

ခမ်းသားငေါဝ်း မတ်လ ၄ ၊ ၂၀၂၄ မင်းပြားမြို့နယ်အတွင်း င/တန်းပျင်းရွာတွင် စစ်ကောင်စီတပ်ဝင်များက အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြောင်း စစ်ကောင်စီတပ်သား ကိုကိုအောင်ဝန်ခံထွက်ဆို ထားသည်ကို ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း င/တန်ပျင်းကျေးရွာနေ သားအမိနှစ်ဦးအနက်…