ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၄

ဟိုပုံးတွင် စစ်ကောင်စီအသိုင်းဝိုင်းက သံဃာနှင့်စစ်ကောင်စီထောက်ခံသူအချို့ ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံများမပါဝင်နေကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ယနေ့မနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကောင်စီအသိုင်းဝိုင်းမှသံဃာတော်များ ဦးဆောင်ကာ အထကကျောင်းမှ စတင်လမ်းလျှောက်ထွက်လာခဲ့ပြီး ဟိုပုံးဘုရားကြီးရှေ့တွင် စုရုံးကာ ဟော ပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

“အသိများပါမလားလို့ စောင့်ကြည့်နေတာ တစ်ယောက်မှမပါဘူး မျတ်နှာစိမ်းတွေ အသိမဟုတ်ရင်တောင် မြင်နေကြမြို့သားချင်းတွေဆိုတာသိတယ် ခုကမပါဘူး”ဟု ဟိုပုံးမြို့ခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်၊၊

ဆန္ဒပြသည့်အကြောင်းအရာတွင် PNLA အလိုမရှိ PDF၊KNDF အလိုမရှိကြောင်း နှင့် လမ်း၊တံတားဖျက်ဆီးသူ အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြ၊ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းမှုဖျက်ဆီးသူ ဒို့ရန်သူ စသည့်စာတန်းများ ကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့သည်။

ပအိုဝ်းလူငယ်တစ်ဦးက”အများတကာကျွေးတဲ့ ထမင်းဟင်းကိုစားပြီး အမှန်တရားမမြင်နိုင်တဲ့ဘုန်ကြီးတွေ အသုံးချခံ နေရတာ ကိုယ်ကိုပြန်မသိပါလား။ ကျေးရွာတွေ ပညာရေးအဆောက်အဦးတွေ ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စကစ လုပ်ရပ်ကိုကျ ဆန္ဒမထုတ်ဖော်ရဲကြဘူး”ဟု ပြောသည်။

အမှန်က မြတ်ဗုဒ္ဓ၏ လမ်းစဥ်နောက်ကိုလိုက်နာသည့် ဘုန်းကြီးသာဖြစ်သင့်ကြောင်း ၄င်းကဆက်ပြောသည်၊၊

“အခုဟာက တစ်တိုင်းပြည်လုံးကို ဒုက္ခပေးနေတဲ့ အကြမ်းဖက် စစ်အာဏာရှင်ကြီးရဲ့ လမ်းစဥ်နောက်ကိုလိုက်နေတဲ့ ဘုန်းကြီးတွေဖြစ်နေတော့တကာတွေကိုနိဗ္ဗာန်ရောက်ကြောင်း ဟောပြောချင်ရင် ကိုယ်ကိုတိုင်ကလည်း ဒေဝဒတ်ကို အားပေးအားမြောက်တဲ့တဲ့သူမဖြစ်သင့်ဘူး”ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်တွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အလိုမရှိကြောင်းကို တောင်ကြီးမြို့တွင် စစ်ကောင်စီ၏အမျိုးသားရေးလှုပ်ရှားသူများက ဦးဆောင်ပြီးဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသေးသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *