ခမ်းသားငေါဝ်း
မတ် ၃၀ ၊ ၂၀၂၄

ယခုဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေ အနေဖြစ်ပြီး ပြည်သူများအနေဖြင့် ဝင်ရောက်ပါက စစ်ကောင်စီ၏လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် တိုက်ပွဲဇုန်ဖြစ်နေပြီး စစ်ကောင်စီအနေဖြင့် ပြည်သူများအား လူသားဒိုင်းအဖြစ်အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် မြို့တွင်းသို့ ပြန်ဝင်နိုင်ပြီးဟု သတင်းအမှားများ ဖြန့်နေကြောင်း ဆိုထားသည်။

” စစ်ကောင်စီဘက်က လူထုတွေကို ပအိုဝ်းဝတ်စုံဝတ်ခိုင်းပြီး မြို့တွင်းထဲမှာ အမှိုက်ကောက်တဲ့ပုံစံနဲ့ ဓာတ်ပုံရိုက်နေတာ ကျွန်တော်တို့ အတိုင်းသားမြင်နေရတယ်။ အဲ့ဒီမှာတိုက်ပွဲ ဖြစ်ရင်လည်း လူသားဒိုင်းအဖြစ်လုပ်ခံရတဲ့လူထုတွေက မလိုလားဘဲ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကိုပြောသည်။

အခြေအနေမကောင်းဘဲနဲ့ ပြည်သူများ မြိို့ထဲပြန်မဝင်ကြဖို့ မေတ္တာရပ်ခံကြောင်း ၎င်းကဆက်ပြော သည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲများအကြားမလိုလားအပ်သည့် ထိခိုက်မှုများမရှိစေရန်အတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည်ကြရန် PNLA ကထုတ်ပြန်ထားပါသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *