ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၄

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဗန်းမောက်ရွာတွင် မတ်လ၂၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သားနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ရသည်။

“အဲနေ့က ရွာအနီးလက်ကြီးသုံးလုံးကျတယ်၊ သူရဲ့ပေါက်ကွဲစ အိမ်တွေကိုထိတယ်။အိမ်ခေါ်မိုးတို့ပဲပျက်စီးတယ်။ ပြီးရင် ရေတွင်းလည်းပျက်စီးတယ်။လူတော့မထိဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုဗန်းမောက်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုရှိနေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်းဖြတ်တောက်ထားသည်။

ရွာသားအချို့က ကြောက်လန့်ပြီးတိမ်းရှောင်ကြကာ အခက်ခဲအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်သည့် ဒေသခံလည်း ရှိနေကြောင်း သိရသည်။

ပင်လောင်းတိုက်ပွဲကြောင့် အရပ်သားပြည်သူများထွက်ပြေးတိမ်ရှောင်ရသူ ၂၁၀၀၀ ရှိပြီး စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *