ခမ်းသားငေါဝ်း
မတ်လ ၃၀၊ ၂၀၂၄

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ပင်​လောင်း- လွိုင်ကော်လမ်းမကြီး နောင်ဝိုးတောင်ပေါ် တံတားပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့ ပင်လောင်း လွိုင်ကော် ပြည်ထောင်စုလမ်းမပေါ် နောင်ဝိုးနှင့်ဆောင်းပြောင်းရွာကြားရှိ လမ်းတံတားကို ယနေ့ လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“အဲလမ်းက အရမ်းအရေးကြီးတယ်။ရှမ်း-ကယားသွားရင် အဓိက သွားလာအသုံးပြုနေတဲ့ လမ်းဖြစ်တယ်။အဲတောင်ကလည်း အရမ်းမတ်စောက်တယ်။ပျက်စီးသွားတော့ သွားလာရေးတွေ ခက်ခဲကုန်တော့မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆောင်းပြောင်း၊နောင်ဝိုး ကျေးရွာအနီးတွင်မတ်လ ၁၀ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိချိန် တိုက်ပွဲငြိမ်ပြီဖြစ်သော်လည်း စစ်ကောင်စီက လက်နက်ကြီး၊လေကြောင်းနှင့်ပစ်ခတ် တိုက်ခိုက်နေဆဲဖြစ်သည်။

ပင်လောင်းတောင်ပိုင်း တိုက်ပွဲများကြောင့် ကျေးရွာ ၁၇ ရွာမှ အရပ်သား၂၁၀၀၀ လည်း ဘေးကင်းရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *