ခမ်းသားငေါဝ်း
မတ် ၂၉၊ ၂၀၂၄

ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းရန်မဲကျသူများအတွက်ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေကြောင်း JMC- Innlay အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများနှင့် အပေါင်းအပါများက စစ်မှုထမ်းသူများအား ထောက်ပံ့ရန်အတွက်ငွေကြေးလိုက်လံကောက်ခံနေသည်။

“ဒီတိုင်းနေရင်တောင်မှ အလုပ်အဆင်မပြေ၊ ဝင်ငွေရှားပါး၊ ကုန်စျေးနှုန်းတွေကလည်း မတရားတက် နေတာ၊ အခုလိုမျိုးထပ်ကောက်တော့ တော်တော်လေးအခက်အခဲ ဖြစ်စေတာပေါ့၊ တချို့မိဘတွေဆို နေ့တိုင်းမျက်ရည် နဲ့ မျက်ခွက်ပဲ” ဟု JMC- Innlay (အင်းလေးဒေသ တရားမျှတာမှုဖော်ဆောင်ရေး)ဒါရိုက်တာ မယုလှိုင်သင်းက ခမ်းသားငေါဝ်းကို ပြောသည်။

တစ်အိမ်ကို နှစ်သောင်းကောက်သည့်ရပ်ကွက်ရှိသလို၊ တစ်သောင်းခွဲ တစ်သောင်း ကောက်သည့်ရပ်ကွက်များလည်းရှိနေပြီး ထည့်ကိုထည့်ရမည်ဟု ပြောထားကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ အလိုကျလိုက်လုပ်ပေးနေသည့် သူများ ပြည်သူများအပေါ် အမျိုးမျိုးခြိမ်းခြောက်နေခြင်းများ ရပ်တန်းကရပ်ရန်နှင့်အကယ်၍ဆက်လက်လုပ်ဆောင်မည်ဆိုပါက တော်လှန်ရေးအင်အားစုတို့၏မူဝါဒအတိုင်း ထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်း JMC-Innlay ကထုတ်ပြန်ထားသည်၊၊

PPV003

Leave a Reply

Your email address will not be published. Required fields are marked *