ခမ်းသားငေါဝ်း
မတ် ၂၈၊၂၀၂၄

မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့က လုံးဒါကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်ကိုဖောက်ထွင်း ပစ္စည်းသယ်ယူနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ လုံးဒါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကမတ်လ ၂၆ ရက်နေ့တွင်ဝင်ရောက်လာခဲ့သည်၊၊

“သူတို့ရွာထဲရောက်လာတယ် သူများဟာဖျက်ဆီး ပြီး အိမ်ဖောက်တာတွေ ပစ္စည်းယူတာတွေ ရှိတယ် (ဖဲ့ကွဥ်းသား PNLA)ကမရှိဘူး ရှိရင်တိုက်ပွဲဖြစ်ပြီ ခုကဘယ်သူရှိရှိ ရွာကိုထိခိုက်မှာတော့မလိုလားဘူး”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့်လက်အောက် ခံပြည်သူ့စစ်မှ လုံးဒါကျေးရွာတွင် တပ်စွဲနေထိုင်နေကြောင်း သိရသည်၊၊

ဒေသခံများသည် ကျေးရွာအတွင်းရှိနေအိမ်များမီးလောင်ပျက်စီးခြင်း ပြည်သူများအသက်အိုးအိမ်စည်းစိမ်ပျက်စီးမည်ကို မလိုလားသည့်အတွက် တိုက်ပွဲများကို ကျေးရွာအတွင်းနှင့်အနီးပတ်ဝန်း ကျင်တို့တွင် မပြုလုပ်ကြရန်တောင်းဆိုချင်ကြောင်း ဒေသခံများ ပြောဆိုသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *