ခမ်းသားငေါဝ်း
မတ် ၂၈၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်သူထံမှသိရသည်။

ယင်းစစ်ဘေးရှောင်များသည် ယခုမတ်လမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဗန်းမောက်၊ နမ်းဖာမူ၊ လုံးပျဉ်၊တောင်မဲသင်း၊ နမ်းနိန်း၊ ဆောင်းပြောင်းကျေးရွာတို့ဖက်မှ ဒေသခံများ ဖြစ်ကြပြီး စားနပ်ရိက္ခာအပြင် အဝက်အထည်နှင့်စောင်များလိုအပ်နေသည်။

” စားနပ်ရိက္ခာအဓိက လိုအပ်တယ်။ ပြီးရင် တစ်ကိုယ် ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်။ ရာသီဉတုအေးတော့ စောင်လိုအပ်တဲ့နေရာလည်းရှိတယ်”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။

စစ်ရှောင်အများစုသည် ပင်ခွန်၊ ဆောင်ခါး၊ ဝါးလီး၊စင်းတောင်း၊ ဝါးပြုံး၊ ရင်းမှီး၊ သစ်ပင်ကြီးကျေးရွာတို့တွင်ရှိကြပြီး အစစအရာရာလိုအပ်နေကြောင်း သိရသည်။

ဆောင်းပြောင်း၊ နောင်ဝိုး၊ နန်းတုတ်ဒေသတစ်ဝိုက်တို့တွင် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားမှု ရှိသလို တိုက်ပွဲ မဖြစ်ပွားသည့် ကျေးရွာလည်း စစ်ကောင်စီလက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်အရပ်သား၂၁၀၀၀ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *