ခမ်းသားငေါဝ်း
မတ် ၂၊၈ ၂၀၂၄

စစ်ဘေးရှောင်ရင်း စားဝတ်နေရေး ခက်ခဲလာသဖြင့် ကောင်တောင်းရွိုရွာနေ ဖြားခွန်စိန်သည် ရွာပြန်ပြီး မိမိကိုယ်ကို အဆိပ်သောက် အဆုံးစီရင်ခဲ့ကြောင်း ရွာသားထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကောင်တောင်းရွိုရွာ ဖြားခွန်စိန်သည် မတ်လ တတိယပတ်အတွင်းတွင် စစ်ဘေးရှောင်ရင်း စားဝတ်နေရေးခက်ခဲလာသဖြင့် မိမိကိုယ်ကို အဆိပ်ဆေးသောက်အဆုံးစီရင်ခဲ့သည်။

“သူက စစ်ဘေးရှောင်ရင်း ခက်ခဲနေလို့ ရွာပြန်ပြီး ပိုးသတ်ဆေးသောက်သေတာ။ တစ်ပတ်လောက်ရှိပြီ ရက်အတိကျတော့မသိဘူး”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ကောင်တောင်းရွိုရွာသားများသည် ယာမြေအပါအဝင် သင်းချိုင်းမြေကိုပါဗမာစစ်တပ်က သိမ်းထားသည့်အတွက် သေဆုံးသူ ဖြားခွန်စိန်ကို ဆွေမျိုးများက ကောင်မူဗွာရွာ သင်းချိုင်းကုန်းတွင် သင်းဂြိုလ်ပေး ခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။

ဖြားခွန်စိန်သည် သား၊သမီး ၅ ဦးနှင့် အမျိုးသမီး ကျန်ခဲ့ပြီး ကျန်ရှိမိသားစုသည် ဆီဆိုင်မြို့နယ် တစ်နေရာတွင် စစ်ရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

ကောင်တောင်းရွိုရွာသည် ခမရ ၄၂၃ တပ်အရှေ့ဘက်တွင်တည်ရှိပြီး ဖြားခွန်စိန် တို့မြေယာအပါအဝင် ကျေးရွာ ရှိရွာသားများမြေကို စစ်တပ်က သိမ်းယူထားသဖြင့် စားဝတ်နေရေးအတွက် နေ့စားအလုပ်လိုက်ပြီး ဖြေရှင်းတာမျိုးရှိသလို မိုးရာသီတွင် မိုရှာ၊ မျှစ်ရှာဖြေရှင်းနေကြရကြောင်း လက်ရှိတွင်အားလုံးကစစ်ဘေးရှောင်နေရသည့်အတွက် စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်၊၊

PPV005

Leave a Reply

Your email address will not be published. Required fields are marked *