ခမ်းသားငေါဝ်း
မတ် ၂၈၊၂၀၂၄

ကလောမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကျေးရွာတချို့တွင် မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကအိမ်တိုင်ရာရောက် ငွေကြေးလိုက်လံကောက်နေသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေသည်၊၊

“ကျွန်တော်တို့ရွာက တစ်အိမ်ကို ၁ သောင်းကျပ် ပိုက်ဆံပေးရင် စစ်မှုမထမ်းရတော့ဘူးပေါ့အဲ့လို ရွာသားတွေဆိုတော့ ထည့်ဆိုလည်းထည့်ပေးရတာပေါ့လေ အချို့အဆင်မပြေတဲ့သူတွေကျ အခက်ခဲတစ်ခုပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းငွေကြေးကောက်ရာတွင် အချို့ကျေးရွာသည် ၂ သောင်းကျပ်ကောက်ခြင်းရှိသလို လယ်ကြားကျေးရွာ အုပ်စုအတွင်းတို့တွင် ၄ သောင်းကျပ်အထိ အမျိုးမျိုးကောက်နေကြောင်း သိရသည်။

ငွေကြေးကောက်မှုကို ပါဝင်ထည့်ခြင်းမရှိပါက စစ်မှုထမ်းဆောင်ရာတွင် သွားရမည်ဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါမှတစ်ဆင့် ရွာသားများကိုပြောသည်။

စစ်ကောင်စီထောက်တိုင်အုပ်ကြီးများမှ ဤသို့ ပြုမူခြင်းပေါ် မလွန်ဆန်နိုင်သည့်အတွက် အဘက်ဘက်မှကုန်ဈေးနှုန်းမြင့်တက်နေပြီး တစ်နေ့လုပ်တစ်နေ့စားအခြေခံပြည်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

#PPV004