ခမ်းသားငေါဝ်း
မတ် ၂၂၊ ၂၀၂၄
ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ရှောင် စခန်းတစ်ခုတွင် မိုးကြီးပြီး စစ်ဘေးရှောင်များ နေထိုင်ရာ မိုးယိုနေသဖြင့် အခက်ခဲများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်သူထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်းနယ်စပ်တွင် မတ်လ ၂၂ ရက်နေ့၌ မိုးကြီးခြင်းကြောင့် တဲထိုးပြီးနေနေရသည့် စစ်ဘေးရှောင်များ အခက်ခဲတွေ့နေကြသည်။
“မိုးကာတွေလည်းကြာပြီ စုတ်လည်းစုတ်နေတော့ မိုးရွာတော့ ရေယိုတာ ပျက်စီးတာ ဖြစ်တယ်။ ပစ္စည်းတွေလည်း အကုန် စိုကုန်တယ်။ မရှိမဲ့ ရှိမဲ့ ဆန်လည်း စိုရတယ်။ မိုးကာကောင်းကောင်းလိုအပ်တယ်။ မနေ့ည တစ်ညလုံးမိုးရွာတော့ မိုးယိုနေလို့ ကောင်းကောင်းတောင်မအိပ်ခဲ့ရဘူး”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ယင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၀ ရှိပြီး လူ ဦးရေ တစ်ရာကျော်ရှိကာ မိုးကာ ၊စားနပ်ရိက္ခာ ၊ဆေးဝါး များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
ပင်လောင်းတိုက်ပွဲ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသော အရပ်သား ၁၇၃၀၀ ရှိ ကြောင်း မတ်လ ၈ ရက်နေ့တွင် PYO ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။
#PPV005