ခမ်းသားငေါဝ်း
မတ် ၂၂၊ ၂၀၂၄

တောင်ကြီးမြို့၊ ဖရဲရပ်ကွက်တွင် ဆိုင်ကယ်ပြန်ပြင်ပေးမည်ဟုဆိုပြီး ယုံကြည်ရန် ဖုန်းနှင့်အိတ်ကိုချန်ထားကာ ထွက်ပြေးသွားကြောင်း သိရသည်။

မတ်လ ၂၁ ရက်နေ့ ညနေခင်း ၄ နာရီခွဲဝန်းကျင်ခန့်တွင် တောင်ကြီးမြို့၊ဖရဲရပ်ကွက် သက်စေ့ရန်အောင်ဘုရားပေါ်လာသည့် ကိုပြည့်/ပြည့်ငြိမ်းဆိုသူက ကလေးမလေး ၂ ယောက်၏ဆိုင်ကယ်ကို သော့အုံဖျက်ကားဆိုင်ကယ်ခိုးယူရန်ကြိုးစားသူက ဆိုင်ကယ်မောင်းပြေးသွားကြောဂ်းငိရသည်။

”ဆိုင်ကယ်သူခိုးက ဖုန်းချန်ခဲ့တာ သူ့အိမ်ကဖုန်းဝင်လာတော့ ဆက်တဲ့သူက သူ့အဒေါ်တဲ့ အမျိုးဝေးတယ်လို့ပြောတယ် အောက်ပြည်ဘက်မှာနေတာတဲ့၊ သူ့အဖေလည်းဖုန်းဆက်လာတယ် သူ့အဖေက မိတ္ထီလာဘက်ကလို့ပြောတယ် ၊ viber မှာလည်း သူ့ကောင်မလေးနဲ့ ပြောထားတာရှိတယ် ” ဟု ကူညီသူတစ်ဦးကခမ်းသားငေါဝ်း ကိုပြောသည်။

ကလေးမလေး ၂ ယောက်ကသက်စေ့ရန်အောင် ဘုရားပေါ်လာပြီး ဆင်းလာချိန်တွင် ထိုသူက ဆိုင်ကယ်အုံကိုဖျက်နေပြီဖြစ်ကြောင်း ၃ ဖွဲ့ အုပ်စုဖွဲ့လာခြင်းဖြစ်ကြောင်း သိရသည်၊၊

“ကလေးမ ၂ ယောက်က သူ့တို့အစ်ကိုကို ဖုန်းဆက်ခေါ်လိုက်တာ ပြီးမှ ညီမတို့ရောက်လာတာ ညီမတို့လာမှ လူများလာတော့ အဲ့ကောင်တွေလဲ ရှောင်သွားကြတာ တယောက်ထဲကျန်ခဲ့တယ် ပုံထဲကလူ သူကိုခေါ်မေး အိတ်တွေထဲစစ်မှ သူလုပ်တာပေါ်လာတာ”ဟု ၄င်းကဆက်ပြောသည်၊၊

ဖုန်းနှင့်အိတ်ချန်ခဲ့ပြီး ဆိုင်ကယ်မောင်းပြေးသူသည် ဖုန်းချန်ထားသည့်အတွက် ဖုန်းထဲအချက်အလက်များကြောင့် ကိုပြည့်/ ပြည့်ငြိမ်းဆိုသူဖြစ်ကြောင်းသိရပြီး မိတ္ထီလာကနေ တောင်ကြီးကိုပြောင်းရွေ့လာပြီး အခန်းငှားနေသူ ဖြစ်ကြောင်း သိရသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *