ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထပ်မံထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်တွင် ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပြီး စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် ကျင့်ဝတ်အသစ်အား မတ်လ ၂၂ ရက်နေ့ တွင် ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများ၊ ပစ်မှတ်သတ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအပေါ် ပြုမူဆက်ဆံခြင်း၊အရပ်သားပြည်သူများအပေါ် ပြုမူဆက်ဆံခြင်း၊အမျိုးသမီး လိင်စိတ်ခံယူမှု ကွဲပြားသူ(LGBTIQ)နှင့် ကလေးများအပေါ်ပြုမူဆက်ဆံခြင်း စသည့်စည်းမျဥ်းစည်းကမ်းတို့ ပါဝင်သည်။

ပြည်သူ့ကာကွယ်ရေးတပ် အားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဉပဒေများကို လေးစားလိုက်ရမည်ဖြစ်ပြီး ကျူးလွန်သူများကို တည်ဆည်းဉပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပြောသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *