ခမ်းသားငေါဝ်း
မတ် ၂၂၊ ၂၀၂၄

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မတ်လ ၂၁ ရက်တွင် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နမ့်ဖာမူကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ကလေးက နမ်းဖာမူဖက်ပါ။လက်နက်ကြီးထိတာပါ ။ ရှိတဲ့ဆေးနဲ့ဘဲ ကုသရပါတယ်။ခုက ဒီဖက် မိုးလည်းကြီး လေယာဉ်လည်းလာ ၊လက်နက်ကြီလည်းပစ်တယ်။အပြန်အလှန်လည်း တိုက်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းတောင်ဖက် မတ်လ ၁၀ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလေယာဉ်နှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ဝိုး ဘုန်ကြီးကျောင်း အနည်းငယ်ပျက်စီးခဲ့ပြီး နောက်ဝိုး သမထရွာတွင်အရပ်သားနေအိမ် ၂ လုံး၊နောက်ဝိုး ကားရားရွာ ၊ နေအိမ် ၃ လုံးနှင့် နောက်ဝိုးရွာကြီးနေအိမ် ၄ လုံးတို့ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့် ပင်လောင်းတောင်ဖက် ကျေးရွာ ၁၇ ရွာမှ အရပ်သား ၁၇၀၀၀ ကျော်လည်း ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
PPV005

Leave a Reply

Your email address will not be published. Required fields are marked *