ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၄

နန်းတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီးခဲ့ကြောင်း ရွာခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊နန်းတုတ်ရွာကို မတ်လ ၂၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲချခဲ့သည်။

“လူအိပ်ချိန်ညသန်းခေါင်မှာ လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်တယ် မင်းအောင်လှိုင်က လူမဟုတ်ဘူးလို့မြင်တယ်ဗျာ အခုဆို ဘာတစ်ခုမှ မယူပြေးနိုင်ကြဘူး ဒီတိုင်းပဲထွက်ပြေးကြတယ် ကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူကြမယ်ဆိုပြန်လဲ လေယာဥ်နဲ့ဗုံးလာကြဲမှာလား ဆိုပြီးမပြန်ရဲကြသေးဘူး”ဟု နန်းတုတ်ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

နန်းတုတ်ရွာသည် ကရင်နီစစ်ရှောင် ရာချီလည်း မှီခိုရာရွာဖြစ်ပြီး ယခုတွင် ရွာသားနှင့် စစ်ရှောင်များပါ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၊ဖေဖော်ဝါရီလတွင်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး မကြာခန ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ်ပျက်စီးမှု လူထိခိုက်မှုလည်း ရှိပါသေးသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *