ခမ်းသားငေါဝ်း
မတ် ၂၂၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကိုစစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး၊ (၃) ဦးထိခိုက်ဒါဏ်ရာရသွားသည်၊၊

” ကျန်းမာရေးကိစ္စတွေဆိုလည်း ဒီဆေးရုံပဲအားထားကြရတာ၊ ဒါမျိုးတော့မလုပ်သင့်ပါဘူး” လို့ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မည်သည့်အကြောင်းမျိုးကြောင့် ဆေးရုံအားဗုံးလာကြဲရတာကို မသိရကြောင်း လူတချို့ ထိခိုက်ဒါဏ်ရာရသွားသည့်အတွက်ကြောင့် စိတ်မကောင်းတဲ့အကြောင်း ၄င်းကဆက်ပြောသည်၊၊

ယခင်ကလေယာဥ်နှင့် ဗုံး ကြဲ ခြင်း မရှိခဲ့ပေမယ့် လက်နက်ကြီးပစ်ခတ်မှုတော့ရှိနေပြီး ယခုတွင်လေယာဥ်ဗုံးကြဲ ခြင်းကြောင့် နောက်ထပ်လာကြဲမည်ကို ဒေသခံတွေစိုးရိမ်နေကြကြောင်း သိရသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *